နှစ်တွေကြာရင် လင်မယားတွေဟာလေ တစ်ယောက်အပေါ်တစ်ယောက်ရိုးအီသွားတတ်တယ်လို့ ကြားဖူးလေ၏။ထိုစကားသိပ်ကို မှားလွန်းပါ၏။ မောင့်ရဲ့ အထိအတွေ့တစ်ခုချင်းဆီတိုင်းက ကိုယ့်အတွက် အသစ်အဆန်းများပမာ။ ရူးသွပ်မှုတွေသာပေးလေသည်။ ထိတွေ့မှုတိုင်းရဲ့အသိက မောင် ဖြစ်နေ၍ထင်ပါ့ အသည်းထဲပင် တဆတ်ဆတ်တုန်ခါရလောက်အောင် ရင်ခုန်ရပြန်ပြီ။ 'အင်း' ပိုလွန်းတယ် မဟုတ်လား။
ပါးပြင်ပေါ်သို့ မောင့်နှုတ်ဖျားတို့ ထိကပ်ပွတ်သပ်လာချိန်၌ မောင့်ကျောပြင်ပေါ်က ကျေမွလာသော
အကျီလေးကပင် စကားပြောတတ်လျှင်ငိုနေလောက်မည်။ရင်ခွင်မှီအရပ်ဖြစ်နေခြင်းကို ဂုဏ်ယူခဲ့မိသမျှ
ဤတစ်ကြိမ်တွင်တော့ အနည်းငယ်ဆွဲဆန့်လို့ရချင်မိ၏။ကိုယ်ကခြေဖျားထောက်လိုက်လျှင်ပဲ ညွန့်ကိုင်းကျလာသော မောင့်ခန္ဓာကိုယ်လေးကလည်း အလိုက်သင့်လေး။ တင်းကြပ်သည်ထပ် တင်းကြပ်စွာဖက်တွယ်လိုက်ချိန် မောင့်ကလေးက ခါးအထက်သို့သက်ဆင်းလာပါ၏။ ရင်ခွင်ထဲသို့ ဆွဲကပ်ခံလိုက်ရရာ ကိုယ်လုံးသေးသေးလေးမှာလည်း မောင့်ရင်ခွင်ထဲဆုံးဆုံးမြုပ်လျက်။
ကျေးဇူးပြု၍ ဤညလေးရဲ့ရွေ့လျားမှုတစ်ခုခြင်းဆီတိုင်းကို တစ်စုံတစ်ယောက်လောက်များ မှတ်တမ်းတင်ပေးထားပါလျှင် ကျေးဇူးတင်မိမှာ။
လစ်ဟာသွားသည့်နှုတ်ခမ်းလေးမှာ နားချိန်မရ။
လည်ပင်းထက်သို့ ကလူကျီဆယ်ခြင်းကြောင့်
အောက်နှုတ်ခမ်းလေးအားဖိကိုက်ရင်း ခပ်ပြင်းပြင်းသာလေရှူထုတ်ရသည်။ မောင်ဟာလေ တခါတလေ အသက်ရှူဖို့ရာမေ့လောက်အောင်လဲ ကျီစားတတ်သေးရဲ့။ပွေ့မခံလိုက်သည့် လေအဝှေ့တွင် လန့်ကာသွားရသော်လည်း လက်ကလေးများက အလိုက်သင့်လေးသာ မောင့်လည်ပေါ်ရစ်သိုင်းလျက်သား။
ကျောပြင်ထက်မှ အေးစက်စက်အထိအတွေ့အား ခံစားမိရုံနှင့်အတူ ပါးပြင်ပေါ်မှနွေးထွေးသွားသည်။
အံ့သြစွာပင် မောင့်အားငေးကြည့်မိတော့၏။ အလွမ်းနှင့်မျက်ဝန်းတွေက ခပ်ဆွေးဆွေးလေးနွမ်းနေမှာတော့အသေအချာ။"လမင်း ရူးတော့မယ်ထင်တယ် မောင်ရယ်..."
"မောင့်ကိုချစ်ရဲ့လား..."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."