ခွဲစိတ်ခန်းဆီသို့ လူနာအ အပြေးအလွှားတွန်းနေကြရသည်။ သတို့သားဝတ်စုံဖြင့် သွေးများလည်း ပေကျံလျက်ရှိနေသော ဒေါက်တာချစ်ရန်မောင်မှာလည်း ဂါဝန်အနီလေးဖြင့် ကောင်လေး၏လက်ကလေးကိုကိုင်လျက် မျက်ရည်များကျကာ လိုက်ပါလာလေခြင်းမို့ တချို့အတွက်ထူးဆန်းနေ၏။
"ဖယ်...ငါကိုယ်တိုင် ခွဲစိတ်ခန်းဝင်မယ်....ဖယ်ကြ...ဖယ်ကြ..."
"ဒေါက်တာ တောင်းပန်ပါတယ်...ဆေးရုံအုပ်ကြီးက
တားခိုင်းလို့ပါ..."ခွဲစိတ်ခန်းရှေ့တွင် ချစ်ရန်မောင်အား လူတိုင်းကတားနေကြသည်။ လူနာရှင်အနေဖြင့်သာနေရန် တားနေကြ၍ လူအများအားထိုးကြိတ်ကာ တွန်းဖယ်ရင်း အော်ဟစ်နေလေသည်။
"ဒယ်ဒီ က တားနေတာလား......"
"ဟုတ်...ဟုတ်ပါတယ်...."
ရင်တွေဘယ်လောက်ကွဲနေလဲသိကြရဲ့လား။ မတားကြပါနဲ့ လမင်းသေရင် ငါ့ဘဝပြီးပြီမို့ ကိုယ်တိုင်ကုသခွင့်ပေးကြပါ။
အနောက်ဘက်မှကြားလိုက်ရသော ဒေါက်ဖိနပ်သံ တဂွတ်ဂွတ်ကြောင့် ကြည့်မိရာ ခွဲစိတ်ဝတ်စုံဖြင့် အပြေးလာနေသည့် အစောနှင့်ဖြိုး။ ဖြိုးတစ်ယောက် ခွဲခန်းဝင်မှာတဲ့လား။"ဖြိုး...ကိုကြီး ကိုကြီးကို ကူ...ကူညီပါ...ဒယ်ဒီက အခန်းထဲမဝင်ဖို့ တား...တား...တားနေတယ်....
ခွဲခန်းမဝင်ဖို့ တားနေကြတယ်...သူ...သူတို့..."ကာရံမညီသောစကားတို့နှင့် စကားဆိုနေသောသူ့အား ဖြိုးရဲ့သူငယ်ချင်းကို ခွဲစိတ်ပေးမယ့်အကြောင်း
ဘယ်လိုယုံကြည်ပေးရမှာလဲ။ သူ၏စိတ်ပင်၊သူမထိန်းနိုင်သေးချေ။ ခွဲစိတ်ဖို့ဆိုလျှင် ဖြစ်နိုင်ရာမရှိပြီမို့ ဝင်ခွင့်မပေးနိုင်ပါ။"ကိုကြီး ဖြိုးကိုသေချာကြည့်...ကိုကြီးစိတ်အရမ်းလှုပ်ရှားနေတယ်...ဖြိုးကိုယုံပါ... ဖြိုးသူငယ်ချင်းလမင်းကို ဖြိုးရအောင်ကယ်ပေးမယ်...ကိုကြီး သင်ပေးခဲ့တဲ့ ပညာတွေနဲ့ ဖြိုးကယ်ပေးမှာပါ...
ဒါလဲ ကိုကြီးကိုယ်တိုင်လုပ်ပေးနေသလိုပါပဲ
ကိုကြီးသင်ပေးခဲ့တဲ့ စာတွေ့၊ လက်တွေ့တွေနဲ့ကယ်မှာပါ...ဖြိုးကိုယုံနော်...ခွဲခန်းဝင်ဖို့ နောက်ကျတော့မယ်..."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."