အေးစက်သော အိပ်ယာအထိအတွေနှင့်အတူ လက်အတွင်းထိုးသွင်းခံထားရသော ဆေးပိုက်တို့လဲရှိမနေတော့။ မောင့်အဝတ်ဗီဒိုလေး အပြေးကြည့်မိသည်။ အရာမယွင်းပဲမြင်လိုက်ရမှသာ သက်ပြင်းမောကိုချလိုက်နိုင်တော့၏။ ရေချိုးပြီးသည်နှင့်အောက်ထပ်သိို့ဆင်းကာ မောင်အိမ်မှာရှိနေမလားအတွေးလေးဖြင့်
အပြေးအလွှားရှာမိသည်။နာကျင်နေသည့်မျက်နှာတစ်ခုလုံး၏ ထုံထိုင်းမှုကိုလည်း မမှုနိုင်သေး။ကျောပြင်နှင့်အချို့နေရာများရှိ အရှိုးရာများဖြင့်
မောင် ကျေနပ်မှုများရပါစေဟုတွေးမိပါ၏။
ဤအရှိုးတွေသေရာပါမည်ဆိုတောင် မောင်ခွင့်လွှတ်လျှင်အဆင်ပြေပါသည်။မမှားခဲ့ရိုးဆိုသည့်တိုင် မောင့်ဆီမှ ခွင့်လွှတ်ခြင်းများအား လိုချင်တပ်မက်တောင့်တမိသေး၏။ မောင့်ကိုချစ်၍ရူးပါ၏။ ဤစကားလေး မောင်ကြားပါက ရောက်ရာအရပ်မှပြန်လာပါစေသား။လူသတ်ခြင်းဟူသည် စိတ်ကူးဖြင့်လဲမယဉ်ဖူးသလို
ကြက်ကလေး၊ ငှက်ကလေးသတ်တာတောင် ဘယ်လိုမှန်းမသိသော ကိုယ်ဟာခြင်တစ်ကောင်တောင် ဖြောင့်အောင်မရိုက်ခြင်းကို မောင်သိရက်နဲ့။ ဒီလိုပြောတွေးမိတော့ မောင့်အားအပြစ်တင်သလိုဖြစ်နေပေဦးမှာပဲ။အပြစ်မတင်ရက်မှာ အချစ်တွေသာ မောင့်နှလုံးသားထဲ တင်ကျန်စေချင်သည်။"လမင်းလေးရယ်...အပေါ်မှာ နားနေပါလားကွယ်
မာမီမနက်စာလာပို့မှာပေါ့.....""ရပါတယ် မာမီရဲ့...သားအဆင်ပြေပါတယ်..."
"ကိုရန် အိပ်နေတုန်းလား..."
"မောင့်ကိုအောက်မှာ ထင်နေခဲ့တာ... လမင်း နိုးတည်းက မောင့်ကိုမတွေ့ဘူး...မောင်ဘယ်သွားတာလဲဟင်..."
"အလုပ်သွားပီနေမှာပေါ့..."
မာမီ့စကားအသွားအလာအား နားထောင်ရင်းပင် သိနိုင်သည်။မောင့်အား မာမီစိတ်ခုနေလေပြီ။နောက်မှပဲ သားအမိခြင်းစကားပြောရမည်။ မာမီ့ဘက်မှ မောင့်အပေါ်သဘောထားကြီးစွာ ခွင့်လွှတ်ပေးရန်လည်း ဖြောင်းဖြရပေဦးမှာပဲ။
"စား စား သားလေး...စားနိုင်ရဲ့လား...မာမီ ဆန်ပြုတ်ပြုတ်ပေးထားတယ်...နန်းကြီးသုပ် စားမနေနဲ့တော့ ပေးပေး...ကဲပါ...မာမီပဲ ခွံ့ကျွေးတော့မယ်....."

VOUS LISEZ
ပြိုမယ်မိုးလေး မသည်းစေလို.....
Roman d'amour"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."