အိပ်နေရင်းမှ ဗိုက်နာလာ၍ နှုတ်ခမ်းများအားကိုက်လိုက်မိကာ ညည်းငြူလိုက်လေသည်။
"အား....ကျွတ်စ် ကျွတ်စ်....နာလိုက်တာ....."
"မင်းမင်း....ဘာလို့လဲ...."
အိပ်မပျော်သေးသည်မို့ ဖက်ထားမိသည့်ရင်ခွင်ထဲမှကောင်လေး၏ ငြီးငြူသံများကြားနေရသည်မှာ တစ်ခါနှစ်ခါမကတော့ပေ။
"ကိုကြီး ရှူးတွေထွက်ကျကုန်ပြီ..."
"ဟမ်...အိပ်ယာပေါ်ကြီးမှာလား..."
"အဲ့ဒါကြောင့်ပြောတာပေါ့ အရမ်းမလုပ်ပါနဲ့လို့ အဟင့်...အခု ဗိုက်နာရာကနေ ရှူးပါထွက်ကျပြီ....အီး.....ဟီး......"
မျက်လုံးအပြူးသားဖြစ်သွားရသည်။ ခေါင်းကုတ်ကာ
ဘာလုပ်ရမည်မသိတော့ပေ။ တကယ်လည်း မင်းမင်းနှင့်အတူနေမိသည်ဆိုပေမယ့် အရင်လောက်မကြမ်းတမ်းခဲ့ပါ
ကိုယ်ဝန်ရင့်မာနေသည်က ၇လရှိနေပြီမို့ အနည်းငယ်သာ။
မင်းမင်းကလည်း တောင်းဆိုသည်မို့ ကိုယ့်ဘာသာမဖြေရှင်းပဲ သူလေးထံဖြေရှင်းခိုင်းမိသည်က မှားသွားလေပြီလား။"မင်းမင်း ရှူးတွေမဟုတ်ဘူး...
ဖြူဖြူကြီးတွေနဲ့ အဖတ်တွေရောပဲ.....""ဘာလို့ ညဝတ်အကျီလှန်ကြည့်တာလဲ...
ဗိုက်အောင့်တယ်... မေမေ့ကိုဖုန်းဆက်ပေး......"ငိုယိုကာ သူ့အမေအားခေါ်ခိုင်းသည်ကို ယောင်ယမ်းပြီးဖုန်းတေဆက်နေလိုက်သည်။ တော်တော်နှင့်ဖုန်းမကိုင်ကြ။
ကိုယ်တိုင်လဲ ခြေမကိုင်မိ လက်မကိုင်မိနှင့် ကိုယ့်အမေနဲ့အဖေကိုပါမေ့သွားမိလေခြင်း။ တံခါးခေါက်သံကြားမှ အပြေးသွားဖွင့်လိုက်ရသည်။"မေမေ....."
ခေါင်းအုံးနှစ်လုံးဆင့်ကာ မှီပေးထားသည့်နေရာတွင် ထိုင်နေပြီး ဗိုက်ကလေးကိုင်ပြီး ချွေးစေးများထွက်နေသူအား
တစ်ချက်တစ်ချက်ငြီးငြူနေသည့် သူ့ဆီသိုြ မေမေအပြေးသွားလေသည်။"သားလေး မင်းမင်း...ဘာဖြစ်လို့လဲ...."
"ကိုကြီးကြောင့်...."
"ရန်ပိုင်...မင်း...ကလေးကို ဘာလုပ်လိုက်တာလဲ...."
ထိုးရန်ပြင်နေသည့် ဖေဖေ့လက်အား ဆွဲကာ တားရသည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."