ညနေပြန်မည်ဟူသော ကိုကိုရန်ပိုင့် စကားနှင့်အတူ
မျက်နှာမကောင်းသည့် ကိုစောကြောင့် ညနေမှပြန်ရန်ဆုံးဖြတ်ကာ သူတို့သွားချင်နေသည့် ဦးပိန်သို့လမ်းလျှောက်ရန်ထွက်လာဖြစ်သည်။ တံတားဘေးမှအကြော်ဆိုင်တွင်ထိုင်ကာ ကန်ရေပြင်ကြီးအားကြည့်နေမိ၏။ ကြံရေလေး၏ ချိုမြမှုနှင့်
အအေးဓာတ်လေးခံစားနေစဉ် အရှေ့မှအကိုနှစ်ယောက်၏ ဘယာကြော်လုစားနေကြပုံကို ကြည့်ရင်းလည်း ရယ်ရသေး၏။"လမင်း တံတားဟိုဘက်ထိပ်ထိ
လမ်းလျှောက်မယ်နော်......"ဟိုဘက်ကမ်းတောင်မမြင်ရသည့် တံတားကြီးကို လမ်းလျှောက်မည်ဆိုသည့် ကိုကိုရန်ပိုင့်ကြောင့် ခေါင်းခါပြကာ ဆန့်ကျင်လိုက်ရသည်။
"ဟာ....ညောင်းတယ်....ပြန်ကြမယ်...."
"လာပါ ဖြေးဖြေးချင်းစကားပြောရင်းလျှောက်ကြမယ်..."
"နေဝင်းဆည်းဆာက တံတားပေါ်ကြည့်ရင် အရမ်းလှတယ်သိလား..."
နှစ်ယောက်လုံးမှာ အတင်းခေါ်နေ၍ မလျှောက်ချင်၊လျှောက်ချင်ဖြင့် သူတို့နောက်မှလိုက်ရသည်။ သူတို့မှာတော့ ဘာတွေပြောနေမှန်းမသိ ပြောနေကြကာ ရယ်လို့မောလို့ပျော်နေကြသည်။ကိုယ့်မှာတော့ တကယ်ဘူနေပါပြီ။
"အ.....ကိုစောရေ....."
ဒေါက်ဖိနပ်ဖြစ်နေ၍ ဖိနပ်အပါးလေးဝယ်ကာ စီးထားရသည့်ခြေထောက်သည် စီးနေကြမဟုတ်၍ထင် ခြေခေါက်သွားလေပြီ။ ထိုစဉ်မှာပဲဖိနပ်ချော်ကာ သစ်သားစဖြင့် ခြေသန်းဘေးနားတစ်လျှောက်ထိုးမိသွားပြီး ခြစ်မိသလိုဖြစ်ရာ သွေးများက ရဲရဲတောက်ဖိတ်ဆင်ကြကုန်၏။ တံတားပေါ်တွင် ပျံ့ကြဲကုန်နေသောသွေးများက ရဲရဲတောက်လျက်သား။
"လမင်းလေး..."
အပြေးလာသည့် အကိုနှစ်ယောက်အား ကြည့်ကာ အော်ငိုမိပါသည်။ ခရီးသွားရာသီဖြစ်၍ထင်
တံတားပေါ်တွင် လူအချို့ရှိနေလေသည်။
ကွက်ကြည့်၊ကွက်ကြည့်ဖြင့် ကြည့်သွားကြခြင်းအား ဂရုမစိုက်နိုင် နာနေသည်ကြောင့် ငိုမိလေပြီ။"အူးဝါး....နာနေပြီ..."
"လမင်း.....သွေးတွေပဲ...."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."