Extra - 1

13.3K 780 115
                                    

တစ်ရေးနိုးလာချိန်တွင် ရေဆာလာ၍
ထမည်အပြု သိုင်းဖက်ထားသည့် လက်ကလေးကြောင့်လှုပ်၍မရချေ။ သူမှလွဲ၍ အခြားသူမရှိနိုင်ပေ။ ရေသောက်ဖို့ကိုပင်မေ့ကာ သိုင်းဖက်ထားသည့်ကောင်လေးအား ငေးလျက်ကြည့်နေလိုက်မိသည်။

အရာအားလုံးပြန်မှတ်မိနေသည်မှာ ခြောက်လလောက်ရှိနေပါပြီ။သို့သော် ထိုအကြောင်းအား
မည်သူ့ကိုမှမပြောပြခဲ့သလို ရဲရင့်ကိုပင် မပြောခဲ့ပေ။
ယခင်လို အတိတ်တချို့မေ့လျော့နေပြီး သူငယ်ပြန်နေသူလိုသာနေဖြစ်ခဲ့၏။ အားလုံးနဲ့ဝေးရာကိုလည်း ထွက်ပြေးသွားချင်မိသည်အထိ
ဝမ်းနည်းနေခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ်ပင်ရွံမုန်းနေမိသည်။ အဝေးဆုံး၊ ဘယ်သူမှမ မရှိတော့မယ့်အရပ်၊ တိမ်တွေနေတဲ့အရပ်ဆီကို ပြေးချင်မိသည်။

'ဒီကောင်လေးကိုလဲ ထားပြီးတော့ပေါ့...'

စိတ်အလိုကို ခန္ဓာကမလိုက်နိုင်။ လမ်းလျှောက်ဖို့မပြောနှင့် ခြေချောင်းလေးများပင်မလှုပ်တော့သည့် ခြေထောက်တစ်စုံရှိနေပါသည်။ စိတ်ရှိလက်ရှိ ပိုင်းဖြတ်ပစ်ချင်၏။ ပြုလုပ်ခဲ့သည့်အမှားများမှာလည်း ဒီထက်ပိုပြီး နာကျင်သင့်သည်မဟုတ်လား။

ကိုယ့်ကိုကိုယ်သတ်သေဖူးသည်။ လက်ကောက်ဝတ်မှသွေးကြောများကို ခက်ရင်းဖြင့်ထိုးခြစ်ခဲ့သည်အထိ။ နံရံကိုခေါင်းဖြင့်ပြေးစောင့်ရင်း လှေကားထိပ်မှနေ၍ ဝှီးချဲဖြင့်ခုန်ချဖူး၏။

ထိုကိစ္စများကို ရဲရင့်မြင်ခဲ့ပြီးသည့်နောက် သူကိုယ်တိုင်ပဲ ထမင်းကျွေးတော့သည်။ ကိုယ့်ဘာကိုစားချင်သည်ဟု ပူဆာ၍လည်းမရတော့၊၊ အချိန်တိုင်း အသက်ကယ်ပေးထားပြီး မြန်မြန်မသေစေပဲ ဝဋ်ကြွေးဆပ်ခိုင်းထားသည်နေမည်။

ယခုလည်း အဂ်လန်သို့ရောက်နေကြပြီး အကြောမ
ကုထုံးနည်းလည်းများဖြင့် ကုသမည်ဟုဆိုကာ
လေ့ကျင့်ခန်းများလုပ်နေရ၏။ ခွဲစိတ်ခန်းတစ်ခါဝင်ရမည်ဟုလည်း ပြောပြန်သည်။

'ရေသောက်မရတော့လဲ မင်းကိုပဲထိုင်ကြည့်နေရမှာပေါ့...'

အိပ်ပျော်နေချိန်တွင် လူတစ်ယောက်ယောက်ကြည့်နေသည်ဟု ခံစားနေရ၍ မျက်ဝန်းများအား အနည်းငယ်ဖွင့်ကာ ကြည့်လိုက်မိသည်။ တစ်ဖက်ခေါင်းအုံးမှ ချစ်ရသည့် လူသားမှာ ကျွန်တော့်အားကြည့်နေလေသည်။ ကိုစော စိတ်ကျန်းမာရေးသည် ဆေးရုံမှဆင်းပြီး ၅လကျော်၊ ၆လအတွင်း ပြန်၍ကောင်းလာသည်။
ထိုသို့ကောင်းချိန်မှာပင် ကောင်းနေသည်ကိုအသိမပေးပဲ ဆက်လက်ဟန်ဆောင်နေ၏။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now