"မောင်..."
ကိုယ့်ရဲ့အော်သံဖြင့်ပင် လန့်သွားကာ အိပ်မက်မှနိုးရသည်။ချွေးစေးများက နဖူးအထက်နှင့် မျက်နှာပြင်တစ်ခုလုံးတွင် နေရာလပ်မကျန်။ အသက်ရှူသံမှာလည်း ပုံမှန်ထက်မြန်နေခဲ့၏။အသားများလည်းတုန်ရီကာ ရင်ထဲတွင်လည်း ခံစားရမှုက တစ်မျိုးကြီးပင်။
မောင့် ကို ဓားဖြင့် ထိုးနေကြသည်ဟု အိပ်မက်ထဲတွင် မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီး လန့်နိုးခဲ့ရ၏။ တကယ့်ဖြစ်ရပ်မှန်ကြီးလိုလိုပင်။ အိမ်မက်ဟူသော်ငြား ကြောက်ဖို့ကောင်းနေသည်။ တုန်ရီနေသော ကိုယ်အားထိန်းကာ ဘေးဘက်သို့ မျက်နှာမူလိုက်မိ၏။ ထိုအရပ်တွင် မောင်ရှိနေသည်။ ထိုအသိလေးဖြင့် ကြောက်စိတ်များကိုဖြေဖျောက်လို၍ပင်။
အိပ်ယာလေးမှာ လစ်လပ်နေခဲ့ပြီမို့ မောင်က ထွက်ပြေးသွားပြန်တာလား။ ဒါကြောင့်များ အိပ်မက်ထဲအထိ မောင်ထွက်ပြေးရာ ပြေးလိုက်နေမိခြင်းလား။ မောင်နှင့်အတူတူ အိပ်ယာဝင်ခဲ့သည်။ လမင်းဆီကနေ မောင်တကယ်ထွက်ပြေးနေခဲ့ပြီလား။
မထားခဲ့ရဘူးလေ။
မောင်နဲ့မခွဲနိုင်ဘူး။
ဟင့်အင်း မောင်။
ဟင့်အင်း။"မောင်....."
မျက်ရည်များဖြင့် ဝေဝါးလာသောမျက်ဝန်းအိမ်ကြောင့် အမြင်များကမသဲကွဲနိုင်တော့ပြီ။ အော်ခေါ်လိုက်သောအသံမှာ ငိုသံကြီးဖြင့်ကျယ်လောင်စွာ။
ရေချိုးခန်းတံခါးမှထွက်လာသော မောင်က တံခါးလှည့်ပိတ်နေခဲ့၏။ ထပ်မံပျောက်သွားမလားဟု တွေးမိလာပြန်တော့ မောင့်ကိုဖက်ထားရမယ်ဆိုတဲ့လက်ကလေးရဲ့အသိနဲ့ အတင်းအကြပ် မောင့်ထံသို့။
မောင့်ကျောပြင်အား ခေါင်းလေးအပ်ရင်း တင်းကြပ်စွာပင် မောင့်လက်များကို ဆုပ်ကိုင်ထားလိုက်မိသည်။"ဘာဖြစ်တာတုန်း လမင်း..."
စကားသံနှင့်အတူ မောင်ရဲ့ခန္ဓာကိုယ်လေး တစ်ဖက်သို့လှည့်ကာ ဝေးဝေးပြေးဖို့ကြံနေပြန်ပြီထင်၏။
"မထားခဲ့ပါနဲ့...ထွက်မသွားပါနဲ့...တောင်းပန်ပါတယ်မောင်ရယ်...ထွက်မသွားပါနဲ့..."
"ငါအိမ်သာသွားတာလေ...မင်းကဘာဖြစ်နေတာလဲ..."
"မောင် ထွက်သွားပြီထင်နေတာ..."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."