ကားလက်ကိုင်အားကိုင်ထားသည့် လက်များမှာလည်းဒေါသဖြင့်တုန်ယင်နေပြီး အမြင်အာရုံတို့ပါ
ဝေဝါးလာ၏။ ကားမောင်းခြင်းကို မနည်းပင် အာရုံစိုက်နေရလေသည်။ ငိုရလွန်း၍လည်း မျက်ဝန်းများပင် ကျိန်းစပ်ကာ နာနေခဲ့လေပြီ။ကျွန်တော်ဟာ တကယ်မကောင်းခဲ့သူတစ်ဦးဖြစ်ခဲ့လေချေပြီ။ ကျွန်တော့်ကြောင့် ကျွန်တော့်ချစ်ရသူတစ်ဦး၊ကျွန်တော့်ကို ချစ်ခဲ့သူတစ်ဦး သေဆုံးခဲ့ရပြီတဲ့လား။
"လမင်းရာ...မင်းကွာ..."
အားမလို၊အားမနဲ့သာ တောက်တွေခေါက်နေမိ၏။လွန်ခဲ့သောရက်က ပစ္စည်းပို့သူလာပို့သော စာအိတ်ထဲ၌ ယောကျ်ားတစ်ယောက်နှင့်အိပ်နေလေသော လမင်း၏ဓာတ်ပုံများပါခဲ့သည်။ လမင်း၏အပေါ်တွင် အုပ်မိုးထားသည့် ထိုယောကျာ်းကအဝတ်ဗလာဖြင့် ဘာမှမပါချေ။ လမင်းကတော့ ထိုယောကျာ်းအားသိုင်းကာ၊ဖက်ကာထား၏။ ထိုအမျိုးသား၏
လည်ပင်းအထက်၌ သူ၏မျက်နှာအပ်ကာကွယ်ဝှက်ထားသည်။ပထမတစ်ခေါက်ရောက်လာသော ဓာတ်ပုံများအား ခွင့်လွှတ်ဖို့ရာကြိုးစားနေစဥ်၊ ဒုတိယအကြိမ်ရောက်ရှိလာသော ဓာတ်ပုံများကပင် သွေးများပွက်ပွက်ဆူလာစေခဲ့သည်။သူ့အားခွင့်လွှတ်ဖို့ရာ မထိုက်တန်တော့ဘူးဟုထင်ပါ၏။
'ရက်စက်လိုက်တာ လမင်းရာ...မင်းမို့လို့ သူ့အပေါ်လုပ်ရက်တယ်ကွာ...'
မျက်ရည်များကိုသုတ်ဖယ်ပြီး ကားရပ်လိုက်ကာ အိမ်ပေါ်တက်သို့သာ ဒုန်းစိုင်းတက်သွားခဲ့မိ၏။ မင်းသေပြီသာမှတ် လမင်း။ငါမင်းကိုခွင့်မလွှတ်ဘူး။
"မောင် ပြန်လာပြီလား..."
လည်ထွက်သွားသည့် မျက်နှာနှင့်အတူ ပူခနဲဖြစ်သွားသည့်ပါးပြင်ကြောင့် မောင်ရဲ့ကြိုဆိုခြင်းကိုမြင်နေရ၏။အဆက်မပြတ်ပင် ပါးပြင်ပေါ်သို့ကျရောက်လာသည့် ရိုက်ချက်များ။
'ပါးပေါ်မှရိုက်ချက်များကြောင့် မဟုတ်လေပဲ
နှလုံးသားထဲကပါ တစ်ဆစ်ဆစ်နဲ့ နာတယ်လေ မောင်ရယ်...'"တော်ပါတော့ တော်ပါတော့ မောင်ရယ်...နာလှပါပြီ... "
"မင်းကွာ..."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."