အိမ်သို့လမင်းရောက်လာလေသည်။
ခပ်တည်တည်ဖြင့် အရယ်အပြုံးမရှိချေ။
ထိုင်ခုံတွင်ထိုင်နေသည့် လမင်း အားကြည့်ကာ ရယ်ပြလိုက်သည်။ သို့သော် မင်သေသေဖြင့်သာ ကြည့်နေလေသည်ကြောင့် ထူးထူးဆန်းဆန်းကြည့်လိုက်မိသည်။"လမင်း...ဘာဖြစ်လာတာလဲကွယ်... "
"မမ...လမင်းကို ကူညီပေးပါလား....."
"ဘာကူညီရမလဲ လမင်းပြောလေ...မမ အကုန်လုပ်ပေးမှာပေါ့....."
တစ်ချက်ကြည့်သည်။သူပြုံးသည်။
ပြီးနောက် သူစကားဆိုပြန်သည်။"ကျွန်တော်တို့မိသားစုနားကထွက်သွားပေးပါလား...."
"ဘယ်လို....လမင်း...."
ခပ်တည်တည်ဖြင့် ကျွန်မအားကြည့်ကာ သူ၏မျက်ဝန်းဆီမှ မျက်ရည်ကြည်တချို့စီးကျလာသည်။ခေါင်းငုံ့သွားကာ တစ်ချက်ရှိုက်ပြီး ဆက်ပြောသည်က ကျွန်မရင်ထဲမှားအစင်းတစ်ရာ
ပစ်သွင်းခံလိုက်ရသူလိုပင်။"မမ က မောင့်ကို ၅၂၈နဲ့ချစ်ခဲ့တာမှမဟုတ်ပဲ...ထွက်သွားသင့်တယ် မထင်ဘူးလား မမ..."
တအံ့တသြလှမ်းကြည့်လိုက်မိတော့ အငိုမျက်ဝန်းဖြင့် ခပ်တည်တည်နှင့်ပြောပြန်သည်။
"ထွက်သွားပေးပါ....မောင့် ဘဝထဲက....
သားတွေ ဘဝ...ကျွန်တော့်ဘဝထဲကနေ....
အမကောင်းတစ်ယောက် အဒေါ်ကောင်းတစ်ယောက်အနေနဲ့
လူတကာလေးစားမှုကို ယူပြီးတော့ အဝေးတနေရာမှာ အခြေတကျနေထိုင်ပါ... လမင်း ကူညီပါ့မယ်...."....
ပုသိမ်ဘက်သို့ပြောင်းရွှေ့နေထိုင်ရန်အတွက် စီစဥ်ဖြစ်သည်။ သူ၏မာမီက ပုသိမ်စက်ရုံကို အပိုင်ပေးသည်ဆိုခြင်းကြောင့်
ထိုသို့ပြောင်းရန် လုပ်စရာရှိသည်များလုပ်ကာ ၊ပြင်ဆင်ရင်း
အိမ်တွင်း ပစ္စည်းများထုတ်ပိုးနေလိုက်သည်။
မောင် အဂ်လန်မှ ပြန်လာပြီကိုကြားသည်။ကျေးဇူးပြု၍ ဖြစ်နိုင်ရင် အိမ်ကိုမလာပါနဲ့လား ဆိုသည့် လမင်း၏စကားကြောင့် မောင့် ကိုတွေ့ချင်မိသော်လည်း သွားမတွေ့ဖြစ်ခဲ့ပေ။
"ဒါလေးယူထား အိန္ဒြာ..."
မောင့်အပေါ်က ပညာတွေသင်ပေးခဲ့သည့်အတွက် ကျေးဇူးဆပ်သည့်အနေဖြင့် လမင်းမေမေသည်က ဘဏ်ကတ်တစ်ခုလာပေး၏။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."