Part-3 (Uni & Zawgyi)

17.8K 1.1K 29
                                    

ပေါင်းခွင့်မရတဲ့ ဇာတ်လမ်းတွေကိုမကြိုက်ဘူး မောင်
အခွင့်သာတဲ့အခါ ဖမ်းဆုပ်နိုင်တဲ့ လက်တစ်စုံရဲ့ ဖန်ဆင်းရှင်က ကိိုယ်ပဲဖြစ်နေပါရစေ....

(လမင်းကိုကို)

................

ချိန်းထားချိန်ထက်စောကာရောက်နေတတ်သော အကျင့်တစ်ခုရှိလေရာ သူငယ်ချင်းများကို စောင့်ရပေဦးမည်။ ဘယ်သောအခါများမှ စောစောစီးစီးရောက်မလာတတ်သော သူငယ်ချင်းများကြောင့် လည်ပင်းရှည်လာတော့မည်။

"နေ့လည်စာ စားဦးနော် မောင်...."

မောင့်ထံသို့ စာလေးတစ်စောင် ပို့လိုက်ပြီးနောက်
ဖုန်းပြန်ပိတ်ကာ စားပွဲလေးပေါ်တင်ထားလိုက်ရင်းမှ
သူငယ်ချင်းတွေအား မျှော်ရပြန်၏။ ဆိုင်၏ တံခါးအဝင်၊အဝ၌ ဟိုလှည့်ဒီရှာနှင့် ရောက်လာပါသော
သူငယ်ချင်းနှစ်ယောက်။ လက်ထောင်ပြပြီးသာ ရောက်ရှိနေသောနေရာသို့ခေါ်လိုက်ရလေ၏။

"အမလေး ကျားယားနေလိုက်တာ လမင်းရယ်...
ဝတ်လာတာကလဲ ကြည့်ဦး..."

"အကျီရှပ်လက်ရှည်နဲ့ စတိုင်ပင်ဘောင်းဘီအရှည်အကျပ်လေးဝတ်လာတာ ငါလှပါတယ်ဟယ်..."

ဖြိုးအမည်ရ သူငယ်ချင်းကောင်လေးသည် မိန်းကလေးကဲ့သို့ဝတ်စားရခြင်းအား သဘောကျလေသည်။ သူကိုယ်တိုင်ကလည်း ခွဲစိတ်မှုပြုလုပ်ပြီးလေပြီ။ ယခုဆိုလျှင် အမျိုးသမီးစစ်စစ်လေးဟု လူအများထင်နေပေတော့သည်။ သို့သော် ဖြိုးသည် Trangender တစ်ဦးပင်။

"ဖြိုး နင်ဘယ်လိုဖြစ်နေလဲ...မြင်တာနဲ့ပြောဖို့ပဲ..."

"နင်ဝတ်ထားတာ အရမ်းကျားနေလို့ပြောတာ...သူငယ်ချင်းတွေနဲ့ဒိတ်မှာကို..."

"ငါကဆရာဝန်လေ...
ဂျူတီကထွက်တာနဲ့ပြေးလာရတာ ဟဲ့..."

"ကျားကျားကြီးဝတ်လာတော့ သူငယ်လေးထင်ကုန်မှာပေါ့...
အမလေး ညီအမချင်းဆိုတာ ဘယ်သူသိမှာလဲလို့...."

"ဖြိုးမြတ်မောင် မင်းဘာဖြစ်နေလဲ...ငါ့ကိုရန်ရှာနေတာလား..."

စနောက်နေသည်ကို စိတ်ဆိုးဟန်ပန်ဖြင့် သူ၏
နာမည်အရင်းကိုင်ကာ ခေါ်လိုက်ပြီးနောက်
ရယ်ကျဲကျဲနဲ့ကြည့်လိုက်မိသည်။ ဖြိုးတစ်ယောက်
ဆူပုတ်ကာပင်ပြန်ပြောရန် ဟန်ပြင်နေတော့သည်။

ပြိုမယ်မိုးလေး မသည်းစေလို.....Donde viven las historias. Descúbrelo ahora