Part-17 (Uni & Zawgyi)

12.4K 956 119
                                    

ကိုယ်ဝန်ကြီးနှင့်ပြေးသွားလေသူ ကလျာ၏နောက်သို့ ပြေးလိုက်နေသူကလည်း စိုးရိမ်နေ၏။ သူသည်ဟော်တည်မှ ထွက်ကာ ကားလမ်းမအနားသို့ ရောက်နေချေပြီ။ လိုက်​နေသူအား မြင်ရုံနှင့် တစ်ဖက်မှကားလမ်းသို့ ကူးပြေးရန်ပြင်နေပြန်သည်။ ကားလမ်းတစ်ဖက်သို့မရောက်မီ ပြေးရန်ပြင်နေပါသော အမျိုးသမီးငယ်အား ဖမ်းမိခဲ့လေ၏။ ထိုအမျိုးသမီးအား အတင်းအကြပ်ဆွဲ၍ အန္တရာယ်ကင်းရာသို့ ခေါ်ဆောင်နေလေ၏။ ပတ်ဝန်းကျင်၌ ကားများလည်းရှုတ်ထွေးနေ၏။

ဖြိုးနှင့်ရဲရင်တို့လည်း ကူညီရန်အနားသို့ အပြေးရောက်လာကြ၏။ ကားရှင်းလေပြီမို့ တစ်ဖက်တွင်ရှိသောခန်းမမှ လူအချို့နှင့်မိဘများအပြင် လမင်းနှင့်မင်းမင်းတို့ရပ်နေရာသို့ ဦးတည်ရလေ​ပြီ။အနည်းငယ်သရုပ်ပျက်ရုံမှအပ ကျန်တာအဆင်ပြေသေး၏။

ကလျာ့ဗိုက်ထဲမှ ကလေးအဖေဟာဘယ်သူလဲဆိုတဲ့အကြောင်းကို သိနေခဲ့ပါပြီ။ သက်သေမပြနိုင်သေး၍သာ ငြိမ်နေရ၏။ မမကိုသတ်သောတရားခံကိုလည်း ရှာတွေ့လုနီးပါးပင်။ လမင်းအပေါ်သို့အပြစ်အားလုံးပုံချကာ အိမ်ထောင်ရေးပျက်ပြားစေရန် ပြင်ဆင်ထားသော သူ၏အကြံတို့ကိုလည်း ရှာဖွေခဲ့ပြီးပြီ။ သက်သေခိုင်လုံဖို့သာ ကျန်တော့၏။

ကလျာ၏ဗိုက်ထဲမှကလေးအဖေဟာ ဘယ်သူဖြစ်ကြောင်းကို ကာယကံရှင်အမျိုးသမီးငယ်က မသိရှိခြင်းမှာလည်း သူ့အပြစ်မဟုတ်ပေ။ လမင်းအပေါ်ထားခဲ့သော သူ၏အငြိုးအတေးများကြောင့်နေမည်။ လမင်းအပေါ်ဘာကြောင့် ငြိုးထားခြင်းကိုလဲ သိထားသည်။

နန်းကလျာမော်သည် သေဆုံးသွားပြီဖြစ်သော
ကျွန်တော့်မမနန်းအိန္ဒြာမော်နှင့် အမေတူအဖေကွဲ ညီမဖြစ်နေခဲ့သည်။ သူ၏မမသေဆုံးရခြင်းမှာ လမင်းကြောင့်ဟု တစ်ထစ်ချယုံနေ၍ မုန်းတီးခဲ့၏။

'လမင်းက မမသတ်ပါတယ်'လို့ ကိုယ်တိုင်ပင် ထင်ခဲ့ဖူးသေးတာပဲမဟုတ်လား။ တချို့အကြောင်းအရာများတွင် သက်သေများက လမင်းဟုယူဆ၍ မရခဲ့ပါ။ သေသေချာချာစုံစမ်းပြီးနောက် နောက်ကွယ်မှလူအားဖော်ထုတ်ရန် ကြိုးစားနေရ၏။ သက်သေခိုင်လုံမှသာ ရှင်း၍ရမည့်ပြဿနာပေ။ မိသားစုအနားမှဝေးရာသို့ ပြေးထွက်လာခဲ့ရခြင်းမှာ သူတို့လေးတွေအပေါ်သို့ မလိုလားအပ်သော အန္တရာယ်များ ထပ်မံကျရောက်မည် စိုးရိမ်ခြင်းကြောင့်ပေ။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now