အနည်းငယ်မှောင်မဲနေသော အခန်းတစ်ခုရှေ့တွင်
ရပ်နေမိသည်။ ဘေးပတ်ဝန်းကျင်မှာလည်း တစ်ခါမျှမမြင်ဖူးသည့် ပစ္စည်းများဖြင့် တန်ဆာဆင်ထား၏။ဘယ်နေရာသို့ရောက်နေခြင်းလည်း မသိပေ။ လှေကားထစ်လေးများကိုတော့ မြင်နေရပါ၏။ ထိုလှေကားအတိုင်းအောက်ထပ်သို့ဆင်းကာ လျှောက်လှမ်းလာမိရင်း ချစ်ရသူ'မောင်'အား တကြော်ကြော်နဲ့အော်ကာခေါ်ရင်း ကြောက်စိတ်များအား ဖြေဖျောက်နေမိသည်။"မောင်..."
"မောင်......."ဧည့်ခန်းဟုထင်ရသော်လည်း မဟုတ်နိုင်။ ထိုင်ခုံသုံးလုံးချထားကာ အလယ်တွင် ခုံပုလေးတခုသာရှိသော ဒီနေရာက ဘယ်အရပ်တွင်ရှိနေပါသလဲ။ မိမိကရော ဘယ်လိုရောက်လာတာလဲ မသိ။
"မောင် လမင်း ကြောက်တယ်...
မောင် ဘယ်တွေရောက်နေတာလဲ...""ထိုင်လေ လမင်း..."
လိုက်ကာနောက်မှထွက်လာသော အမျိုးသမီးလေးတစ်ဦးသည်က ကျွန်တော့်အားရယ်ပြလေသည်။
ရင်းနှီးသော်လည်း ဘယ်သူမှန်းမခွဲခြားတတ်။
မြင်ဖူးသယောင်ရှိနေသော်ငြား ဘယ်မှာမှန်းမမှတ်မိပေ။"မမ မင်းအတွက် လက်ဘက်သုပ််လုပ်ပေးထားတယ်...မင်းကြိုက်တဲ့ ပုစွန်ခြောက်တွေလဲအများကြီးပဲ....."
ထိုပြောနေသူ အမျိုးသမီးအနားသို့တဖြေးဖြေးတိုးကာ သေချာကြည့်မိချိန်တွင် အတော်လှသည့်အမျိုးသမီးဟု မှတ်ချက်ပေးမိ၏။
ဖြောင့်ဆင်းကာမဲနက်နေသည့် မျက်ခုံး၊ သေးသွယ်သော မျက်နှာလေးဖြင့် မချွန့်တချွန်မေးရိုးသွယ်သွယ်၊ နီရဲကာချွန်မြနေသော
နှုတ်ခမ်းပါးလေးသည် နှာတံစင်းစင်းလေးအောက်တည်ရှိနေသည်။ ကော့ညွန့်နေသည့် မျက်ခုံးနှင့်
မဲနက်ကာ ကျောလည်ထိရှည်လျားသောဆံနွယ်များသည် ဖြောင့်ဆင်းနေသည်။ မြန်မာဆန်ဆန်နှင့်လှပကာကျက်သရေရှိနေသော သူက ဘယ်သူများလဲ။"မောင် နေကောင်းရဲ့လား...လမင်း..."
ရေနွေးခွက်အား မော့ကာ သောက်နေသော
သူ့အားစိုက်ကြည့်နေမိစဥ် မိမိအားမော့ကာကြည့်လာလေသူ။ ရှေ့မှအမျိုးသမီး၏ မျက်ဝန်းအိမ်မှ စီးကျလာသည့် မျက်ရည်များမှာလည်း သွေးများအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."