Part -16 (Uni & Zawgyi)

12.5K 925 77
                                    

(တချို့တချို့စကားလုံးများ ရိုင်းပြသွားရင်😔
ခွင့်လွှတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်.......😍

အားလုံးကိုကျေးဇူးတင်ပါတယ်.❤)

..........

လွန်ခဲ့သောတစ်ပတ်ခန့်တည်းက မောင့်အိမ်မှ နှင်ထုတ်ခံခဲ့ရသည့်နေ့တွင် မောင်က စကားတစ်ခွန်းအား ထပ်ကာပြောခဲ့သည်။ ထိုစကားက ဖြိုးလာစဉ်တုန်းကလည်း ပြောပြသွားခဲ့ဖူးသည်။ ကွာရှင်းစာချုပ်အနောက်တွင်လည်း မောင်ကိုယ်တိုင် ရေးပေးခဲ့ဖူးသည်။ မောင့်လိုဘက်ပြည့်သွားသည့်
နောက်လည်း ထပ်ကာပြောခဲ့ပြန်သည်။

"မင်း ကယောကျာ်းလေးပဲ"ဟူ၍။

"ယောကျ်ားတစ်ယောက်...
မောင့်ကို ချစ် တဲ့ ယောကျာ်းတစ်ယောက်..."

ထိုနေ့ပြီးစဥ်တည်းက မငိုဖြစ်တော့ပေ။
မောင့်အိမ်မှ အပြန်လမ်းတွင်လည်း တော်တော်လေးစဉ်းစားနေခဲ့ရသည်။ မောင့်စကားတို့၏ဆိုလိုရင်းများကို စဥ်းစားနေမိ၏။

တစ်ညတာလုံး မောင်နှင့်အတူ ရှလူးပလူး ခဲ့ရသည့်
ကိုယ်ခန္ဓာများနာကျင်နေခြင်းကိုပင် မေ့လျော့ကာ
ကော်ဖီတစ်ခွက်ဖျော်ပြီးနောက် ဆိုဖာတွင်ထိုင်ကာ
လေးလေးနက်နက်စဉ်းစားဖြစ်သည်။

မနက်လင်းသည်နှင့် ဆိုင်သို့သွားကာ ပိုးဖဲပြောင်အသားကိုဇာအပါးအုပ်လျက် ခါးသိမ်သိမ်အားပေါ်စေကာ ပွဲတက်ဂါဝန်ကား အရှည်တစ်ထည်ပြင်ခိုင်းခဲ့သည်။ လုံးဝကိုရှည်လျားနေသောသော ဂါဝန်အနီရဲရဲတောက်တောက်ပင်။

ဆံပင်အတုဝယ်ရန် သူငယ်ချင်းဖြစ်သူ
မင်းမင်းအား အကူအညီတောင်းရပြန်၏။ ဆံပင်၊မိတ်ကပ်အပိုင်းနေရာတွင် Gayလောကအသိ သူငယ်ချင်းက ပိုများသည်။ မောင်ပြောင်းလဲပေးခဲ့သည့် ယောကျာ်းလေးပုံစံဖြင့် အသားကျစွာနေရင်းမောင့် အားချွဲမည်။ အလုပ်သွားမည်။ သားတွေထိန်းမည်။ ဤသည်ကိုပဲ နေ့စဉ်ဘဝဖြတ်သန်းနေခဲ့သည်။ တကယ့်ကိုတုံးအနေခဲ့တဲ့ သူပါလား။

မောင့် စကားလေးတစ်ခွန်းကြောင့် ပြောင်းလဲခဲ့သူက မောင်မရှိပဲ အထီးကျန်စွာ
ဤသို့ဇာတ်သိမ်းရမှာလား။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now