Warning........
..........................................
တံခါးဖွင့်သံကြားလိုက်ရပြီး တရွတ်တိုက်ဆွဲသွားခြင်းခံလိုက်ရ၏။ အားအင်မရှိတော့သော ကိုယ်ခန္ဓာသည် ပျော့ခွေလျက်ပင်။ ဤဝဋ်ဆင်းရဲကြီးကို ခံစားနေရသည်မှာ
တစ်ပတ်ကျော်နေခဲ့ပြီ။ မျက်နှာအား အမဲရောင်အစွပ်ဖြင့် စွပ်ထားခြင်းခံရ၍ ဘယ်နေရာရောက်နေတယ်မသိရ။'ဗွမ်း...'
ရေဖြင့်ပတ်လိုက်သည်ကြောင့် မွှန်ထူသွားပြီးနောက် ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာတော့မည့် အရာများအား အံတင်းကာကြိတ်ခံလိုက်သည်။
'ရွှက်...ရွှက်...'
ကြာပွတ်ရိုက်သံများငြိမ်သက်သွားပြန်၏။
မကြာပါ ရေများထပ်မံကာ လောင်းချလာသည်။ ဆားဖြင့်ရောထားသော ရေများ၊ ကြိမ်ဖြင့်
ရိုက်နှက်ခံထားရပြီး ခါးပတ်ဖြင့်လည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများပေါ်သို့ ကျလာ၍
အသည်းအူများပြတ်ထွက်မတတ် နာကျင်ကာ စပ်ဖျင်းဖျင်းနှင့် ခံစားချက်။ လက်နှင့်ခြေထောက်များအား ပူးကပ်ကာချည်နှောင်ခံထားရသောကြောင့် ရုန်းကန်ရင်းရထားသည့်ဒဏ်ရာများကလည်း လတ်ဆတ်နေဆဲ။ထမင်းမစားရခြင်းမှာ သုံးရက်ကျော်လေပြီ။
အားအင်တို့က လုံးလုံးလျားလျားမရှိတော့။ သူတို့လာပို့သည့် ထမင်းများကလည်း
သိုးညှီနေ၍ အဘယ်သို့စားဝင်မှာလဲ။အဲဒီ့နေ့ကရဲရင့်နှင့်စကားများပြီး အိမ်ပြန်လာသည့်အချိန်မှာ တော်တော်လေးမှောင်နေလေခဲ့ပြီ။
ကားပေါ်တွင်တွေးနေခဲ့သည်။
ထောင်ဘယ်နှစ်နှစ်ကျမှာလဲ...?လူတွေကရော ခွင့်လွှတ်ကြပါ့မလား....?
ပြန်တွေးဖြစ်သည်။ ဆိုးသွမ်းမိခဲ့သော အကြောင်းများအား။ ယုတ်မာမိခဲ့သည်။ အလွန်တရာဆိုးဝါးသောလုပ်ရပ်များဖြင့် အကြိမ်ကြိမ်အခါခါ ရက်စက်စွာ။
ဒီကလေးလေးရင်ထဲကိုရော ဘယ်သူတွေဝင်ကြည့်ပေးဖူးပြီလဲ။ အရာရာအရှုံးပေးထားသည့် သူဆီကနေ လိုချင်လို့ ယူကုန်ကြသူတွေကြီးသာ။
အမေမရှိတဲ့ဘဝတွင်ကြီးပြင်းရင်း အဖေရခဲ့ပါ၏။ အဖေနဲ့နေ့ရလို့မှမကြာသေး အဝေးသို့ပို့ခြင်းခံရပြန်သည်။
![](https://img.wattpad.com/cover/217286515-288-k296338.jpg)
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."