Part - 46 (Uni & Zawgyi)

7.9K 640 59
                                    

Operation roomsထဲတွင် မနက်၁၀နာရီထိုးစဥ်တည်းက ခွဲစိတ်မှုပြုနေခြင်းမှာ နေ့လည်ခင်း၂နာရီထိုးသည်အထိ ကြာငြောင်းခဲ့ရ၏။

ဆာလောင်နေသော ဗိုက်အား ဖြည့်ရန်ပြင်ရတော့သည်။
ကန်တင်းသို့ အခုအချိန်သွားလျှင် အိုးကူစေရန်သာရှိတော့မည်။

"ကိုရန်ရော ထမင်းစား​ပြီးရဲ့လားမသိ...

"ဒီကောင် ထမင်းမေ့ဟင်းမေ့ ဖြစ်နေမလား..."

လူနာတွေနှင့်တွေ့လျှင် လူနာများအား အရမ်းဂရုစိုက်ပြီး ကိုယ့်ကိုကိုယ်ဘယ်တော့မှ
ဂရုမစိုက်တတ်သူမို့ ဖုန်းဆက်ကာ စားပြီးရဲ့လားမေးရဦးမည်။ မစားရသေးပါလျှင် အတူတူဆိုင်ထိုင်မည်ဟုတွေးလိုက်မိ၍ပင်။

'တီ........'
'တီ........'

လေလှိုင်းထဲမှ 'တီ' ဆိုသည့် အသံလေး၏
နောက်တွင် အပြုံးပန်းတို့ကပ်လျက်သား။ သတ္တုလေးများဖြင့်ပြုလုပ်ထားကာ မှန်ကြည်လေးများအုပ်ထားသည့်အရာလေးက တယောက်နှင့်တယောက် ဘယ်လောက်ဝေးကွာပါစေ အမြဲတစေ ခေါ်နိုင်ပြောနိုင်သည့်အရာလေးတစ်ခု ဖြစ်နေ၏။ အံ့ဖွယ်တစ်ခုပင်မဟုတ်လား။ ပျောက်သောသူအား နှစ်ကာလရှည်ကြာရှာနေရင်း မင်းနဲ့ပြန်မဆုံနိုင်တော့ဘူးလို့ ထင်ခဲ့မိ၏။ ပြန်ဆုံဖြစ်ကြလျှင် ဘယ်သို့၊ဘယ်ပုံနှုတ်ဆက်ရမည်မသိခဲ့သည့်တိုင် ပြန်ဆုံဖို့ရာတော့ဆုတောင်းခဲ့ဖူး၏။

ချစ်တယ်ဆိုသူရဲ့ အချစ်တွေကိုလက်ခံပြီး အချစ်တွေနဲ့အေးချမ်းမည်ဟုထင်ခဲ့၏။ လုံးဝဥဿုံလွဲပါသည်။ အချစ်ဆိုတာ ပူလောင်လှ၏။

မောင်လို့ခေါ်ခွင့်မရှိခဲ့။ ကြင်နာခွင့်လဲမရခဲ့။
အချစ်ကိုရှာဖွေရင်း အချစ်နွံထဲမျောပြီး အချစ်ပျောက်သွားခဲ့ရသူ။

ကိုယ်ကချစ်ရသူကလဲ ပြန်မပေါ်လာ။
ကိုယ့်ကိုချစ်ပါတယ်ဆိုသူကလဲ ရက်စက်စွာချန်ထားခဲ့။ အခုတော့ ကိုယ်ချစ်ကိုသာပြန်လည်၍ရှာဖွေတော့မည်။

'ငါမင်းဆီကိုဖြေးဖြေးချင်းလှမ်းလာပြီ...
ငယ်ငယ်ကလို ငါ့ကိုဂရုစိုက်ပြီးကြင်နာနေဆဲပဲနော်
မောင်...'

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now