ခြံဝင်းကြီးထဲကလေးငယ်နှစ်ဦးစက်ဘီးစီးကာ
ရယ်မောနေကြသည်။ ခြံထဲတွင်လည်း သစ်ပင်ကူစိုက်နေသည့် အိမ်အကူနှစ်ဦးနှင့် အိမ်ကြီးရှင်မဖြစ်သူ belleသည် သစ်ခွပင်ငယ်၏ အပွင့်မှ အမဲစက်ကလေးအား စိတ်ပြတ်လက်ပြတ်ဖြင့် ကြည့်နေလေ၏။
ရုံးပိတ်ရက်ဖြစ်သည့်အလျောက် အိမ်တွင်သားနှစ်ယောက်ဖြင့်နေဖြစ်၏။ ယောကျာ်းဖြစ်သူလည်း နေ့လည်မှဂျူတီပြီးကာ အိမ်ရောက်လာသည်ကြောင့် ညနေခင်းတွင် မိသားစုစုံစုံလင်လင်ရှိကာ ကလေးနှစ်ဦးဆော့နေခြင်းကို ထိုင်ကြည့်နေသည်။"လမင်း တို့ စက်ဘီးကို ဝလုံးပုံ
ပတ်စီးမယ် ကိုစော...."ပြောလည်းပြောကာ ဦးတည်ချက်ပြောင်းပြီး ကွေ့ဝိုက်လိုက်သည့် လမင်း၏ စက်ဘီးနှင့် သူ၏ စက်ဘီးသည် မျက်နှာချင်းဆိုင်အနေအထားဖြစ်လာ၏။ ရုတ်ဆရက်ပေမို့ မြင်လိုက်သော်လည်း မိမိမှာ ဘရိတ်ညှစ်ရန်မေ့သွားခဲ့သည်။ အော်နေရုံမျှအပ ဘာမှမတတ်နိုင်။
စက်ဘီးနှစ်စီးသည် မင်္ဂလာပါ ဟု ဦးတိုက်နှုတ်ဆက်ပြီးချိန်တွင် အော်ငိုသံကြီးထွက်လာတော့သည်။"ဗြဲ........နာတယ် Mammyရေ Daddyရေ.......အီး....ဟီး"
အော်သံကြောင့် လမင်း၏ အနားသို့ရောက်သွားကြသည့် လူများသည် Mammy နှင် Daddy အပြင် ခြံထဲရှိအကူများနှင့် ကားရေဆေးနေသည့်သူပါမကျန် လူအများဝိုင်းအုံလာကာ စက်ဘီးအောက်ပိနေသော လမင်းအား ဆွဲထုတ်ကြလေသည်။ ပြဲလန်နေသည့်အသံစူးစူးဖြင့် သူသည်လည်း အော်ကာငိုပါတော့သည်။ မည်သူမျှ သတိမထားမိကြသည်က ကိုစောမှာလည်း လဲကျကာ ထူပေးမည့်သူအား ကလေးပီပီမျှော်လင့်နေခြင်းကိုပင်။
"ကိုစော.... အော် ညည်းတို့ ကိုစော ကိုသွားထူကြလေ...
လမင်း နားမှာပဲအုံကြည့်နေရလား....တကယ်ပဲ...."ထိုသို့ပြောမှသာ ကျန်သူများသည်လည်း ကိုစော အား သတိရသည်။ 'ဟုတ်ကဲ့ သူဋ္ဌေးမ' ဟုဆိုလျက် အနားသို့အပြေးသွားကြသည်။ ဖခင်ဖြစ်သူ၏အကြည့်တို့မှာ သားကြီးထံပြန်ရောက်နေရင်း ထရန်ပြင်လိုက်စဉ်ပဲ အော်ခေါ်သံကြောင့် ခြေလှမ်းတို့တွန့်သွားရသည်။
"Daddy လမင်းကိုချီပါ.....
ခြေထောက်တွေရော ခါးတွေရောနာသွားပြီ
အီး...ဟီး.... ခါးကနေဖြတ်ရရင် လမင်း လမ်းဘယ်လိုလျှောက်ရမလဲ.....ခုတည်းက ချီခိုင်းမှ ရမှာ ချီပါ....
ချီပါ....လမင်း ခါးဖြတ်ပြစ်ရတယ်ဆိုရင် အကုန်ချီရမယ်....အီး....ဟီး ...ခြေထောက်မရှိတော့ရင် လှလှလေးတွေဝတ်လို့မရတော့ဘူး....."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."