အင်ကြင်းပင်ကြီးအောက်တွင် အင်ကြင်းပန်းတို့၏အပွင့်အရွက်များက မြေခနေကြသော်လည်း သင်းရနံ့များမှာ ထုံမွှေးနေဆဲပင်။ ဟိုနေရာတစ်စု ဒီနေရာတစ်စုပြေးလွှားဆော့ကစားနေသည့် ကလေးများနှင့် စာအုပ်ထိုင်ဖတ်သူဖတ်၊ အိပ်ငိုက်သူကငိုက်နှင့် ကျောင်းဝန်းကြီး၏
ညနေခင်းတွင် ကလေးများအသံကြွပ်ကြွပ်
ညံနေလေသည်။ အင်ကြင်းပင်ကြီးအောက်ရှိသဲကုန်းပေါ်တွင် အကျအနထိုင်ကာ သဲ အိမ်ဆောက်နေသည့်ကောင်လေးနှင့် ဆေးထိုးအပ်ကိုင်ကာ batmanအရုပ်အား ဆေးထိုးပေးနေသည့် ကောင်လေးတစ်ယောက်လည်းရှိသည်။"အစောရေ...ရန်ပိုင်...."
ကျောင်းဝန်းကြီးထဲပတ်ကာရှာနေသော်လည်း
ဘယ်နေရာတွင်ဆော့နေသည်မသိသဖြင့် နာမည်အော်ကာ ပတ်ပြေးနေသည့် ကိုရန့် အား အစော သာ
ထူးရပေသည်။ ရန်ပိုင့် အကျင့်သည် ငယ်စဉ်ကတည်းက
စိတ်ဝင်တစားလုပ်မိလျှင် ပတ်ဝန်းကျင်မှာမီးထလောင်တောင် တုပ်တုပ်မလှုပ်တတ်ပေ။"အေး....ငါတို့ဒီမှာ ကိုရန်....."
"ဒီမှာကြည့်စမ်း ငါဘာရလာလဲလို့....."
ဆရာဝန်နားကြပ်လေးကော်အရုပ်လေးအား
ကိုင်ကာ သူငယ်ချင်းများအား ကြွားရလေသည်။"မင်းဘယ်ကရတာလဲ...."
"တီချယ်တို့ကိုအခုပဲလာလှူကြတာ အရုပ်တွေ
အများကြီးပဲ...သွားယူလေ....""မယူပါဘူး...ငါ့မှာဆေးထိုးအပ်ရရင်ရနေပြီ...
ငါကဆရာဝန်ကြီးလုပ်မှာ....""ငါရောပဲ အစော..........."
နှစ်ယောက်သားအတိုင်အဖောက်ညီညီစကားပြောနေစဉ်
ရန်ပိုင် ၏ 'ရေး....' ဟူသောအသံနှင့်အတူ
ပြေးထွက်ကာသွားသည်ကြောင့်
လိုက်ကာငေးကြည့်ရသည်။
မကြာသောအချိန်အတွင်း မမ အား လက်ဆွဲကာ
အင်ကြင်းပင်ကြီးအောက်ပြန်ရောက်လာသည်။"မမ အတွက် သားဆောက်ပေးထားတာ....
သားတို့လေးယောက်အတူတူနေကြမယ်နော်....
ကြီးလာရင် သားက မမအတွက် အိမ်ဆောက်ပေးမယ်......."မျက်ရည်များပင်ဝဲတက်လာရသည်။
လူမှန်းမသိတတ်သေးသည့် ၅နှစ်ကျော် ၆နှစ်အရွယ်မောင်လေးက သဲအိမ်ဆောက်ပေးကာ မမအတွက် ဆိုသည်ကြောင့် ငယ်စဉ်တည်းက မေတ္တာငတ်နေသည့် ကျွန်မရဲ့ဘဝလေး သူတို့ကြောင့်ပျော်ရလေပြီ။
မျက်ရည်ဝဲနေစဉ် လက်လာဆွဲကာ ထိုင်ခိုင်းသည့် အစောအား ပြုံးပြကာသဲပုံပေါ်တွင်ထိုင်လိုက်သည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."