Part -24 (Uni & Zawgyi)

8.6K 731 11
                                    

လမင်းလေး၏ ၅နှစ်ပြည့်မွေးနေ့အား သူငယ်ချင်းဖြစ်သူ၏
မွေးစားသားလေး နေခဲ့ရသည့်ကျောင်းရှိ မိဘမဲ့ကလေးများ နေထိုင်ရာသို့အလှူပြုရန်အကြံပေးသည်ကြောင့်
ရယ်၊ Belle သည်လည်း မိဘမဲ့ ကလေးငယ်များအား
သနားကာ ကလေးချစ်တတ်သည့်စိတ်ရင်းရှိသည်ကြောင့်
ထိုအကြံအား အကောင်အထည်ဖော်ကာ လိုအပ်သည့်
ဆေးဝါး၊စာပေ၊ နှင့်တနေ့တာ စားစရိတ်အား လှူဒါန်းရန်ရောက်ဖြစ်သည်။ မနက်ခင်းတွင် အိမ်၌ ဆရာတော်ကြီးများပင့်ကာ ကုသိုလ်ပြုပြီး နေ့လည်ခင်းတွင် မိဘမဲ့ကလေးများ ကျောင်းသို့ရောက်ခဲ့သည်။

စာသင်ကျောင်း၏ရုံးခန်းထဲမှ
ကျောင်းမတည်ခဲ့သည့်အလှူရှင်ပုံအားကြည့်မိချိန်တွင်
နာမည်တစ်ခုအား ရေရွတ်ရင်းဖြင့် အံ့သြနေမိသည်။

"စောနော်ဆေး...."

"ဒေါက်တာက မမဆေးနဲ့သိတာလား...."

ကျောင်းအုပ်ကြီး၏စကားသံကြောင့် အသိဝင်လာကာ
သိချင်သည်ကိုမေးရန်ပြင်လိုက်စဉ် ဘေးဘီဝဲယာကြည့်မိရာ မည်သူမှမတွေ့သည်ကြောင့် သက်ပြင်းချမိသည်။

"သူမ သူမ အခုဘယ်မှာလဲသိလား ကျောင်းအုပ်ကြီးခင်ဗျ...."

"သူမ ဆုံးသွားတာ သူ့သားလေး ၃နှစ်အရွယ်တည်းကပဲ..."

"ဗျာ..."

နော်ဆေး ဆုံးသွားသည်ဆိုသည့်စကားကြားချိန်တွင်
အသက်ရှူဖို့ပင် ခေတ္တမေ့သွားလေသည်။
ကျောင်း မ တည်အလှူရှင် ဆိုသည့်စာသား....
နော်ဆေး ဆိုသည်က လှူနိုင်ဖွယ်ရာမရှိသည့် ကောင်မလေးမျိုးပင်။ ဓာတ်ပုံဘေးသို့အပြေးသွားကာ အောက်ဖက်ရှိနာမည်အား ဖတ်ကြည့်ချိန်တွင် တကယ်ကိုပဲ
သူမဖြစ်နေလေသည်။

အိမ်ထောင်ရက်သားကျပြီး ချမ်းသာခဲ့သည်လား။
သိချင်သည်ကြောင့် မေးမြန်းရပေတော့မည်။

ဆရာမကြီး၏ပြောပြချက်အရ ထိုကလေးက
ကျွန်တော့်သားလေးဖြစ်နိုင်ပေမည်မှာ မလွဲနိုင်ပေ။

"သူမ သားလေး....အခုဘယ်မှာလဲသိလား
ခင်ဗျ...."

သားလေးအား သွားကြည့်ပြီးနောက်တွင် belleအားအမှန်တိုင်းပြောပြလိုက်သည်။ သားဟုတ်နေသည်ဆိုလျှင်တော့
ကျွန်တော့်သားလေးအား ပြန်ခေါ်ရန်ဆုံးဖြတ်ထားသည်။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now