"ကိုကြီး.....ပါးစပ်တွေခါးတယ်...ခေါင်းတွေလဲ လေးနေတယ်သိလား...ပြီးတော့လေ အဖျားက ၁၀၃တောင်...အီးဟီး....."
မျက်ရည်များကျလျက် ဆက်ကာပြောနေပုံက
ကလေးတစ်ယောက်မိခင်အား တိုင်နေသည့်ပမာ။
နားထောင်ပေးရုံမှအပ ကိုယ်တိုင်လဲ ဘာမှမတတ်နိုင်ပေ။"မနက်ကလေ ကျောင်းပိတ်တုန်ဆိုပြီး
ကိုကြီးကြိုက်တဲ့ဟင်းတွေချက်နေတာ အဲ့ဒါ....
ခေါင်းတွေမူးလာပြီး အဖျားတက်လာရော...မူးပါလဲချင်သလိုလိုဖြစ်သွားတယ်....မေမေက မလုပ်နဲ့ပြောပေမယ့် မင်းမင်းက ကိုကြီးကို ကိုယ်တိုင်ချက်ကျွေးချင်လို့...."ကျွန်တော့်အတွက်လုပ်ပေးမှုများမှာလည်း
သူ၏ပထဆုံးဦးစားပေးဖြစ်နေ၏။ ဤသို့ကြားတော့လည်း စိတ်ထဲ၌ မကောင်းဖြစ်ရသည်။"တိတ်တိတ်...မငိုနဲ့..."
"အန်ချင်တယ်...အိပ်ချင်တယ်..."
"ဆေးခန်းသွားကြမယ်နော်...
မငိုနဲ့တော့... ခေါင်းပိုကိုက်မယ်....
မင်းမင်းအမေအောက်မှာရောက်နေတယ်.......
အဝတ်လဲမလား...မလဲပါနဲ့တော့...ဆေးခန်းပြရုံပဲကို...
လမ်းလျှောက်နိုင်လား ချီရမလား........."ငိုနေရင်းပင် ရယ်ပြကာခေါင်းခါ၏။ တွဲတူပေးကာ လှေကားအတိုင်းဆင်းပြီးနောက် မေမေတို့အား နှုတ်ဆက်ကာ ဆေးရုံသို့သွားရလေသည်။
"အမူးပြေအောင် ပူရှိန်းသကြားလုံးလေးစားလိုက်..."
ဆောင်ထားတတ်သော သကြားလုံးလေးကိုပေးလိုက်ရ၏။ မျက်လုံးများမှေးစင်းကာ ဘေးမှ လိုက်လာသည့် သူ့အားကြည့်ရင်း သူနှင့်လက်မထပ်ခင် ဖေဖေနှင့်မေမေပြောခဲ့သည့်
စကားများလည်း ကြားယောင်လာမိသည်။.......
Flash back...
ထိုနေ့က...။
အစောနှင့်သွားတွေ့မည်ဟုကြံခဲ့၏။ မင်းမင်းနှင့်
ခဏတာလက်ထပ်ခြင်းဖြစ်ပြီး ၄လ ၅လကြာလျှင်
ကွာရှင်းကြမည်ဟူသည့် ကတိများပေးထားခြင်းအကြောင်းကို ချစ်ရသောအစောအား
ပြောပြမည်။ အတွေးတို့ဖြင့်
အပြင်သွားရန် အောက်ထပ်သို့ဆင်းလာခဲ့စဉ်
သတင်းစာဖတ်နေသည့် ဖေဖေ၏ ခေါ်သံကြောင့်
စကားပြောရန် ဧည့်ခန်းထဲဝင်ထိုင်ရသည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."