အစီအစဉ်အတိုင်း ဖြိုးက ကားပေါ်တွင်ထိုင်ကာစောင့်နေသည်။ ကိတ်မုန့်ဖုတ်နည်းသင်တန်းဆင်းချိန်တွင် မောင်လာကြိုမည်ဆို၍ အကွက်ဆင်ထားသည်နှင့်ကွက်တိပင်။
'ဒရမ်မာတွေမောင့်ကိုချိုးပြရမယ် အဟိ...'
"Hello ကလေး...သင်တန်းဆင်းပြီလား...."
"ဆင်းပြီ မော...."
မောင် ဟုယောင်ကာခေါ်မိတော့မည်ကို ဘရိတ်အုပ်ကာ ပါးစပ်ပိတ်ပြီး အလျင်အမြန်ပဲဆက်မေးရတော့သည်။
"အဲ ကိုကြီး ဘယ်ရောက်ပီလဲ..."
"ကိုယ်အခုကလေးပြောထားတဲ့ လမ်းလေးမှာကားရပ်ပြီး သင်တန်းဘက်ကို ကားလမ်းကူးလာမယ်..."
ဖြိုး၏ ကားရပ်ထားသည်က မောင် ရှိရာဘက်အခြမ်းတွင်ဖြစ်နေ၍ မောင် ရောက်အလာကို စောင့်နေလိုက်သည်။
"လာ.....ကလေး....သွားရအောင်..."
မောင့်ပါးပြင်ထက်မှ ပါးချိုင့်ခွက်ခွက်လေးနှင့်
မိမိဆီရောက်လာသော မောင့်ရဲ့အကြည့်တစ်ချက်။"အကျီပွပွလေးကို ဘောင်းဘီအတိုနဲ့ဝတ်ထားတာပဲ ချစ်ဖို့ကောင်းနေပါလား......"
"မုန့်ဝယ်ကျွေးရအောင်လို့လဲ Mammyပေးထားတဲ့ မုန့်ဖိုးတွေ ပျက်နေပြီ....လူတောင်ငတ်နေလို့
လူကိုပဲ ကျွေးမှရတော့မယ်...""ဟား...ပြောတတ်တယ်ကလေးရာ...."
"လမင်းကိုစားမလား..."
"ကိုယ်ကအစားကြီးတယ်..."
"ကျွေးတုန်းစားနော် မူမနေနဲ့..."
ပါးချိုင့်ကြီးပေါ်အောင်ပြုံးလျက် စောင့်ငဲ့ကြည့်လာလေသူ။
"ခေါင်းကိုမဖွနဲ့လူကြီးရာ....."
ရယ်ကာမောကာဖြင့် နှစ်ယောက်သား ကားလမ်းကူးနေစဉ် ဖြိုး၏ ကားမဟုတ်ပါသော ဆိုင်ကယ်တစ်စီး မောင် ရှိရာသို့
ဦးတည်ကာလာ၏။ ပလက်ဖောင်းရှိရာဘက်သို့
မောင့်အားဆွဲလိုက်ရာ ကိုယ်တိုင်က ရေမြောင်းအကြီးကြီးထဲကျသွားလေတော့၏။"မောင်..."
ကံကောင်းသည်ပဲပြောရမည်လား။ဆိုးသည်ပဲပြောရမည်လား။ လမင်းမသိတော့ပေ။ ရေဆိုးမြောင်းကြီးက အကြီးကြီးနှင့် အကာအယံမရှိ။
ခြေထောက်တွင် သွေးများထွက်ကာ အရိုးဖြူဖြူကြီးပင်မြင်ရလေတော့သည်။ ခြေသလုံးမှ ဒူးခေါင်းအထိကွဲအက်ရာကြီးနှင့်အတူ ရေမြောင်းမှပုတ်အက်နေသည့် ရေမဲမဲများ။
လူများအုံလာကာ မောင်ကိုယ်တိုင်ပင် ခုန်ကာ ဆင်းလာ၏။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."