Flash back end...........
...................
အိမ်ထဲသို့ဝင်လာချိန်တွင် ဧည့်ခန်းထဲသို့သာတန်းတန်းမတ်မတ်သွား၍ထိုင်လိုက်သည်။ ရင်လေးစွာနှင့် သက်ပြင်းမောကိုချလျက်သား။
တီနန်း ရူးချင်ယောင်ဆောင်နေခြင်းအား
စိတ်ထဲလဲအခဲမကျေပါ။"ရဲရင့် ပြန်လာပြီလား..."
"ဟုတ်..."
"သားအကြိုက် ဝက်သားဟင်းကိုပိန်းဥနဲ့
ချက်တယ်၊ ပုစွန်အသားလုံးကြော်တယ်၊ ဒီနေ့ငါးသလဲတိုးအကောင်ကြီးလေး တွေရတော့
အိုးကပ်လေးချက်ထားတယ်...
သီးစုံပဲဟင်းလေးကိုလည်း ကုလားပဲလေးနဲ့ချက်တာ ..သားစားတော့မလား...""မစာသေးဘူး တီနန်း..."
"ထမင်းချိုင့်ယူသွားဦးမှာလား
သားဆရာအတွက်လေ...."ပြုံးရွှင်ကာ စကားတို့ပြောပြီးနောက် သူကိုယ်တိုင်ထိုးထားသည့် ရွှေကျီတစ်တုံးယူပေးကာ ဖေဖေပြောပြသမျှကို နားထောင်နေလေသည်။ ဖေဖေနှင့် တီနန်းတို့လက်ထပ်ခဲ့ကြ၏။ တစ်နှစ်ကျော်၊ နှစ်နှစ်ပင်ပြည့်တော့မည်။
"ဖေဖေ ဒေါက်တာချစ်ရန်မောင်ကိုသိတယ်မဟုတ်လား...."
ကော်ဖီခွက်ကိုင်ထားသည့် ထိုအမျိုးသမီး၏ လက်ကလေးများမှာ လေပေါ်တွင်ရပ်တန့်ကာ စကားများအား နားဆွင့်နေ၏။ ဖေဖေအားကြည့်လိုက်ရာ ခေါင်းငြိမ့်ပြသည်ကြောင့်
စကားဆက်လိုက်ရသည်။"သိတယ်လေ သား....
ဘာလို့လဲ.....""ဆုံးသွားပြီ...."
လွတ်ကျသွားသည့် ကော်ဖီခွက်ပူပူထဲမှ ကော်ဖီအရည်များသည်။ ထဘီပေါ်သို့ကျလျက်သား။
"နန်း..."
"ရတယ်ကိုကြီး...မ မတော် မတော်တဆ သတိမမူမိသွားလို့ပါ..."
ကော်ဖီများကို တစ်သျူးဖြင့် ကပြာကယာသုတ်ဖယ်ကာ မျက်ရည်များကျနေလေသူ။ မနေနိုင်တော့သည့် ကိုယ်ကသာ ဒဲ့မေးလိုက်တော့သည်။
"တီနန်း ဘယ်အချိန်ထိ အတိတ်မေ့ချင်ယောင်ဆောင်နေမှာလဲ...ပြဿနာကိုရှောင်ပြေးနေလို့
မရဘူး မေမေလေးရဲ့...."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."