ကျောင်းတွင်တနေ့လုံးအတန်းတက်ထားရသလို
ညဘက်လည်း အိပ်ယာဝင်နောက်ကျခဲ့သည်ကြောင့်
ကားထဲဝင်သည်နှင့် ကူရှင်အားမှီကာ သမ်းဝေလာပါတော့သည်။"ဝှါး....အိပ်ချင်လိုက်တာ......"
"အိပ်ချင်အိပ်လေ လမင်း....
ကျောင်းနဲ့အိမ်က ကားပိတ်ချိန်ဆိုတော့
၄၅မိနစ်လောက်တော့ကြာမယ်....""မအိပ်တော့ဘူး... အိမ်ပြန်မယ်
ရေမိုးချိုးပြီး ဖြိုးတို့နဲ့ ချိန်းထားတာသွားမယ်....."မျက်ဝန်းထောင့်မှမြင်နေရသည့် ပုံရိပ်လေး။တစ်ခုခုပြောရန် ကြံစည်နေလေပြီ။
"ဟိုလေ...ကိုကြီး လမင်းကို အိမ်ပို့ပေးပြီးရင်လေ"
"အိမ်ပြန်ခိုင်းမလို့မဟုတ်လား...
လုံးဝပဲ မရဘူး.... လမင်း အိမ်ရောက်ပီး ပြန်မထွက်ပဲ မင်းလေး အိမ်ထဲမှာနေတဲ့အချိန်မှ
ကိုယ်အိမ်ပြန်မှာ..."ခပ်တည်တည်ပင် သူ့အားလှည့်မကြည့် ကားမောင်းရင်းပင် အဖြေစကားပြန်လည်ပြောကြားမိသည်။ မျက်စောင်းထိုးကာ မျက်နှာတစ်ဖက်သို့လွှဲသွားမည်ကိုသိပါသည်။ သေးသွယ်သောနှုတ်ခမ်းလေးအား ထော်ထားပေဦးမည်မှာ မလွဲ၏ကန်ပေ။
အိမ်စောင့်နတ်နှင့်ကွိုင်တတ်ထားသည့် ကောင်လေးက သိပ်ဆ်ိုးပါသည်။ လိုချင်တာရှိပါက လူတိုင်းကို ချွဲလဲချွဲတတ်သေး၏။ ကျွန်တော့်မှာစိတ်ပူနေရသည်။ မတော်တရော်လူတွေကများ မတရားလုပ်လျှင်ဆိုသည့်အတွေးတို့သည် ရင်ဝအား ဖနောင့်ဖြင့်ပေါက်ခံရသလို နာသည်။
"မပြန်လဲနေ မာမီ့ဆီကခွင့်တောင်းမယ်...
တောက်တဲ့လိုလိုက်ကပ်နေလိုက် ခင်ဗျား...""မင်းကိုစိတ်ပူလို့လိုက်စောင့်ရှောက်နေတာလေ..."
....
ရေချိုးပြီး၍အောက်ထပ်သို့ဆင်းလာချိန်
ဖေဖေ့တပည့် ကိုရန် ဆိုသည့် လူမှာ ငုတ်တုပ်ထိုင်ကာ မာမီ နှင့် စကားပြောနေသည်။
ဒီလူ့နာမည် မောင့် နာမည်နှင့် ဆင်တူသည်။မောင့် နာမည်သည်က 'ချမ်းရန်မောင်' ကိုရန် ဟုအများခေါ်ကြသည်။ ဒီလူ့နာမည်က ချစ်ရန်မောင် ပင်။

KAMU SEDANG MEMBACA
ပြိုမယ်မိုးလေး မသည်းစေလို.....
Romansa"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."