Part - 49 (Uni & Zawgyi)

6.7K 631 43
                                    

ဆေးရုံမှဆင်းလာသည်က ၂ပတ်ရှိလေပြီ။
ဘယ်သူ့ကိုမှ စကားမပြော။ အစားလဲ ကောင်းကောင်းမစားပေ။ မိမိကိုလည်း အနားကပ်မခံ။ တခြားအခန်းတွင်သာ အိပ်သည်။ အမြဲတစေလဲ ငိုနေ​တတ်၏။

"ပါပါး သမီးလေး.......ပါပါး မကယ်နိုင်ခဲ့ဘူး.....
ပါပါးတောင်းပန်ပါတယ် သမီးရယ်..."

ကုတင်ပေါ်တွင်ထိုင်ကာ မျက်ရည်များအကြား လက်ထဲမှဓာတ်ပုံလေးအား ကြည့်ကာ ငိုနေမိတော့သည်။ ပုံလေးအား လက်တစ်ဖက်ဖြင့် တို့ထိလိုက် ၊ ဗိုက်ကလေးအား ကိုင်လိုက်ဖြင့် ငိုနေသည့် သူ့အား တံခါးဝမှကြည့်နေမိသော ကိုယ်တိုင်လဲ ရင်ထဲလဲမကောင်းပေ။

"သမီးသိလား....သမီးလေးမရှိတော့ရင် ပါပါးကတကယ်အထီးကျန်ရတော့မှာ...ပါပါး က သမီးလေးကို အားကိုးခဲ့ရတာ....အခုတော့......အခုတော့ ပါပါး.......
ပါပါး ချစ်ရတဲ့သမီးလေးရော...ကိုကြီးရောကို စွန့်လွှတ်ရတော့မှာလား.........
ပါပါး လိုက်ခဲ့မယ်နော် သမီးလေး.....ပါပါးကို နာရီပိုင်းပဲစောင့်နော်........."

သမီး၏ Ultrasounds ပုံလေးအားကြည့်ကာ
စကားတွေပြောနေသည့် သူ့အား ကြည့်ရင်း
ကိုယ်တိုင်လဲမျက်ရည်တွေဝဲနေသည်။
သူ၏လက်ဝါးအား ဖြန့်ကာ ကြည့်၍ပြုံးနေလေ၏

'မဖြစ်တော့ဘူး'

ပါးစပ်ထဲမရောက်ခင် အပြေးသွားကာ သူ၏
လက်အားရိုက်ထုတ်လိုက်သော်လည်း
ပါးပြင်သို့ရိုက်မိသွားလေသည်။

"ဒါဘာလုပ်တာလဲ..."

"ရိုက်ပါ ရိုက်ပါ ကိုကြီးရဲ့...
ရိုက်လို့ဝသွားရင် မင်းမင်းကို သမီးလေးနောက်လိုက်ခွင့်ပေး...
ယောကျာ်းတစ်ယောက်ဖြစ်နေတာတောင် ပျော့ညံ့လွန်းပြီး ကိုယ့်ဝမ်းနဲ့လွယ်ထားတဲ့
ကလေးကိုတောင် မစောင့်ရှောက်နိုင်တဲ့ သူကိုသေအောင်ရိုက်လိုက်ပါ........."

"..."

အီးဟီး....အော်ဟစ်ကာငိုနေသောသူ။
လျှပ်တစ်ပျက်အချိန်တွင်းပြောလာသောစကားများကို အစီအရီနေရာချကာစဥ်းစားနေမိ၏။

"ကိုကြီး မရှိတော့မယ့် ဘဝမှာနေရမှာထက်စာရင်
သမီးလေးနောက်တော့လိုက်ခွင့်ပေးပါ....."

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now