Part -41 (Uni & Zawgyi)

7.2K 670 35
                                    

အကိုဖြစ်သူအားချစ်သည့်စိတ်ကို နားလည်သော်လည်း
သူလေး၏စိတ်အချို့ လမ်းမှားရောက်သွားမည်
ဆိုး၍ ပြင်ပေးရပေဦးမည်။
ကိုယ်ဖြစ်ချင်တာကိုသာ ပြောတတ်သော မိမိ၏အဆိုးလေးအား ပညာပေးရမည်။

"ဘာလဲ ဘာလို့ဆွဲလာတာလဲ..."

"..."

"ဖယ်...ကိုစောနဲ့ ပြော...အွန်း..."

ပါးနှစ်ဖက်အား အုပ်ကိုင်ကာ အတင်းအကြပ်နမ်းရှိုက်နေသည့် ထိုလူ။ ရုန်းနေသော်လည်း အားခြင်းက မမျှ။ ကုတင်ပေါ်သို့တွန်းချကာ အပေါ်မှ ခွပြီး ဖိထားသေး၏။
လက်နှစ်ဖက်အား တစ်ဖက် တစ်ချက်ဆီလက်ကောက်ဝတ်မှ ကိုင်ကာချုပ်ထားသည်။

ပါးပြင်၊ နှုတ်ခမ်း ၊ လည်တိုင်တို့ကိုလည်း တတိတိဖြင့် ကိုက်ခဲနေသည်။ မရိုးမရွနှင့် ခံစားချက်။

'ဒီလူဘာဖြစ်ချင်နေတာလဲ...'

ခံစားမှုသည်ကလည်း ပူလောင်လာသလိုပင်။
မရုန်းနိုင်တော့သည့် အဆုံး၊ ငြိမ်နေလိုက်ရ၏။ ကိုက်ခဲနေ၍ နာကျင်မှုရ၏။ အတင်းအကြပ်ချုပ်ကာ မတော်မတရားကြံနေသောလူ။ အကိုက်ခံနေရသော ပခုံးသားများ သွေးထွက်နေလောက်ပြီ။
ခွေးစိတ်ပေါက်ကာ ကိုက်ခဲနေသည့် ထိုလူ့အား
ငိုကာ တောင်းပန်သော်လည်း မရပ်။
နောက်ဆုံး ဘယ်လောက်ကြာကြာငိုရတယ် မသိ မငိုနိုင်တော့ပေ။

"မှတ်ပီလား......စကားကိုလက်လွတ်စပယ်ပြောဦးမလား..... အခု မင်းမင်း နေရာက ခံစားတတ်ပြီလား...
ဒါတောင် ရန်ပိုင့်လုပ်ရပ်ရဲ့ ၁၀ရာခိုင်နှုန်းလောက်ပဲ
လုပ်ရသေးတာ....."

"ဟွန့််... "

"ဖြေလေ...."

"ရွှတ် ဟွန့်..."

"ငိုမနေနဲ့...တိတ်တော့..."

"ဘာလို့ အော်နေတာလဲ အဟင့်..."

မျက်ရည်များသုတ်ပေးရင်း
ဆွဲထူကာ ထိုင်ခိုင်း၏။ သူထူပေးထားသည့်အတိုင်း
ပုံ့ပုံ့လေးပင်ထိုင်နေမိသည်။ တကယ် မသိခဲ့သည်က မင်းမင်း၏ ခံစားချက်မည်သို့၊မည်ပုံဆိုသည့်အကြောင်းပင်။

ကိုယ်ချစ်ရသည့်လူသားမှ ဤသို့ပြုလုပ်ခဲ့သည့်အချိန် ဘယ်လောက်နာကျင်နေလိုက်မလဲ။
ပုခုံးသားများအား ဆုပ်ကိုင်လိုက်သည့်အခါ
နာကျင်သွား၍ မျက်နှာပျက်သွားရသည်။
ထိုက လူသက်ပြင်းချလျက် မိမိအားကြည့်လာလေသည်။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now