ဗုံဗုံးနှင့်တုံတုံအား သူတို့၏အထိန်းများနှင့်အတူ ကျောင်းသွားဖို့ရာအတွက် လမင်းကိုယ်တိုင်ပြင်ဆင်ပေးပြီး
သားနှစ်ယောက်အား ကျောပိုးအိတ်ကို ကိုယ်တိုင်လွယ်ရန် လက်ငြိုးထိုးပြလိုက်ရ၏။ လုပ်ပေးကိုင်ပေးမည့်သူများ အဆင်သင့်ရှိနေသော်လည်း သားတွေသည် လူဘော်ကျော့ အဆိုးလေးများဖြစ်မည်ကိုစိုးရိမ်မိသည်။ ကိုယ့်တစ်ကိုယ်ရည်တကာရ လုပ်တတ်သည့် ထူးချွန်ကာလိမ္မာယဉ်ကျေးသော ကလေးများသာဖြစ်စေချင်သည်။
ဤသည်က ဖခင်တစ်ဦး၏ အတ္တဆိုလျှင် လမင်းတွင် ထိုကဲ့သို့စိတ်မျိုးရှိသလို မောင်က ပိုဆိုး၏။မနက်တိုင်းကျောင်းသို့ သားနှစ်ယောက်အားလိုက်ပို့သည့်
မောင်သည် သားတွေအား ထမင်းချိုင့်၊ ရေဗူး၊ လွယ်အိတ်စသည်တို့ကို ကိုယ်တိုင်သယ်ခိုင်း၏။ မနက်စာကို ကိုယ်တိုင်စားစေသည်။ စားပွဲပေါ်ဖိတ်ကျသွားလျှင်လည်း ထိုအရာကိုပင်ပြန်ကောက်ကာ ထည့်စားခိုင်း၏။ ထမင်းတစေ့ဘယ်လောက်အဖိုးတန်သည်ဟုဆိုကာ အလဟသမဖြုန်းခိုင်းပေ။
အစပိုင်းတွင်တော့သားတွေမှာ ၆နှစ်ကျော် ၇နှစ်အရွယ်လေးများဖြစ်သည်ကြောင့် နားမလည်သေး၍ဟုဆိုကာ မောင်နှင့်နှစ်ယောက်တည်းရှိချိန်မျိုးတွင် သားတွေဘက်မှလိုက်ပြောမိ၏။"မောင် မိဘမဲ့ဂေဟာမှာ ကိုယ်ဒူးကိုယ်ချွန် ကိုယ်ထူကိုယ်ထအရွယ်က ၅နှစ်ပဲရှိသေးတယ် လမင်း.....
အဖေ၊ အမေ မရှိ.... မောင်နှမ၊ညီအကိုဆိုတာမရှိ
ဘယ်သူနဲ့မှမသိတဲ့ အစိမ်းသက်သက်ဘဝကို ၅နှစ်အရွယ်နဲ့စခဲ့ရတာ....မောင့် သားတွေက မောင့်ထက်သာပါတယ် လမင်းရယ်.....အဖေနှစ်ယောက်အပြင် ချစ်ရမယ့် ညီလေးတွေ၊ အကိုတွေလဲရှိတယ်.... အဖိုးအဘွားနဲ့
အဒေါ်တွေ ဆွေမျိုးတွေလဲရှိတယ်....ပြီးတော့
မောင့်တုန်းက ၅နှစ်လေ ခုသူတို့က ၇နှစ်တောင်ပြည့်တော့မှာ မငယ်တော့ဘူး....."မောင့်စကားများကလည်း အမှန်တွေပဲမို့ လမင်း လဲ ခေါင်းငြိမ့်ကာထောက်ခံခဲ့ရသည်။
နောက်ပိုင်း မောင် သားတွေကို ဘယ်လိုဆုံးမနေနေ ဝင်မပါတော့ချေ။ မွေးထားသည်က ယောကျာ်းလေးတွေမဟုတ်လား။ လူလိမ္မာလေးတွေဖြစ်ဖို့လိုသည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."