Part - 51 (Uni & Zawgyi)

6.8K 590 18
                                    

"လမင်း.....မင်းမင်းရော..."

"အခန်းထဲ ကျန်ခဲ့တယ်လေ..."

"ဖြိုးလဲ ဒီရောက်လာပြီလား...မင်းမင်းရော....."

"လမင်းနဲ့ ကျန်ခဲ့တာလေ..."

ကလေးများထမင်းစားဆောင်တွင် မုန့်ဝေမှုကို ကူနေရင်း သူတို့အားတွေ့သည်နှင့် တစ်ယောက်တည်းအမေးအဖြေလုပ်ကာ နားနေဆောင်ဘက်သို့ပြေးသွားလေ၏။ 

"လိုက်သွားရအောင် ဖြိုး..."

ကိုကိုရန့်ပိုင့်အနောက်သို့ နှစ်ယောက်သားအပြေးလိုက်သွားမိ၏။ ဘာပြဿနာဖြစ်များရှိကြသည်မသိ။

"ဆရာမ....သမီးလေးကိုပေးပါနော်...
အိပ်နေရင်လဲ နို့လေးပဲတိုက်မှာပါ...နို့ဘူးတွေသယ်လာတယ်....ကားထဲမှာ....ကားထဲမှာပါတယ် ဆရာမရဲ့....
ကျွန်တော့်သမီးလေးကို ပြန်ပေးပါ...."

မျက်ရည်များစွာဖြင့် ငိုကာ အေးအေးဆေးဆေးပင် ပြောနေသည့်ကောင်လေးအား ကြည့်ရင်း မိဘမဲ့ကလေးမွေးကင်းစအား စောင့်ရှောက်ရသည့် ဆရာမလေး အကြံအိုက်နေရသည်။ သူတွေးနေသည်က ဒီကောင်လေးကအရူးလားဟုပင်။
ဝတ်စားထားသည့် ဂါဝန်အစိမ်းရောင်လေးနှင့် ပြင်ဆင်ချယ်သထားသည်များကလည်း ဘယ်လိုမှအရူးဟုထင်စရာမရှိ။ ကောင်မလေးရုပ်လေးဖြင့် ကောင်လေး။

"ပေးလို့မရလို့ပါရှင်..."

"ကြားလား ဆရာမ...သမီး....သမီးလေး....ငိုနေပြီ...."

ထင်ခဲ့သည့်အတိုင်း ကလေးငယ်လေးရှိသည့် နေရာသို့ရောက်နေသည့် မင်းမင်း။

"သမီးလေးကို ကျွန်တော်ချီပါရစေနော်...
ငိုနေတယ်....."

"..."

"ငိုနေတာ....နို့ဆာလို့နေမယ်........
ကလေးကိုပေးချီပါ...တောင်းပန်ပါတယ်..."

မျက်ရည်များစွာဖြင့် ပူဆွေးနေသောရုပ်ဖြင့် ကောင်လေးတစ်ယောက်။ သူ၏အမျိုးသားမှာလည်း ထိုမြင်ကွင်အားကြည့်ကာ ရင်ထဲမချိတင်ကဲ။

"မရလို့ပါရှင်...ရှင့်အမျိုးသားဆိုတဲ့လူက ကလေးကို နောက်တခါပေး မချီခိုင်းပါနဲ့ဆိုပြီးပြောထားလို့ပါ..."

ဆရာမလေးကလည်း ကလေးချီချင်သည်ကိုပေး၍မချီခိုင်း၍ ပိုမိုကာဝမ်းနည်းရပါ၏။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now