*အတိတ်ကိုပြန်တူးဆွရရင် လွန်ခဲ့သောက စရပေမည်။*
၅နှစ်အရွယ်သားဖြစ်သူအားလက်ဆွဲလျက် ၂နှစ်အရွယ်သမီးဖြစ်သူအား စောင်အပါးအဝတ်အပိုင်းစဖြင့်
ကျောတွင်ထုတ်ပိုးကာ မနက်၅နာရီမှစ၍
အိမ်မှထွက်ခွာရလေသည်။ လင်ယောကျာ်းသည်က ဘိန်းစားတစ်ဦးဖြစ်၍ ဘာအလုပ်မှမလုပ် အိမ်တွင်သာနေလေ၏။ သူသည်လည်း ကလေးတစ်ဖက်နှင့်ရှာကျွေးနေရလေသည်။"မဲ့ သားဗိုက်ဆာတယ်..."
"ရှေ့နားဆိုင်ရောက်ရင် ပေါင်မုန့်ပေးမယ်...."
"ခပ်"
မြစ်ကြီးနားမြို့ နမ်းကွေ့ရွာ၏မြောက်ဘက်
တောစပ်နားတွင်နေထိုင်သည့် သူမအတွက်
ရွာတောင်ဘက်ရှိစိုက်ပျိုးခြံတစ်ခုတွင် အလုပ်ရသည်။ သားနှင့်သမီးကိုတပါတည်းခေါ်ကာ
မိုးလင်းမှစ၍ နေဝင်ချိန်၅နာရီအထိအလုပ်ဝင်ရသည်။
ခြံထဲအလုပ်လုပ်ချိန်တွင် သားကြီးသည်
ညီမလေးအားထိန်းပေးရှာသည်။၁၀၀တန် ပေါင်မုန့် ၃ချပ်ပါသည့် အထုပ်အား
သားဖြစ်သူလက်ထဲသို့ထည့်ကာ နားနေသည့်ဇရပ်တွင်
ထိုင်စေပြီး အငယ်လေးအား ဟန်ပါပါဖြင့် နို့တိုက်သည်။
သားဖြစ်သူအား မုန့်ထုတ်ဖောက်ပေးကာ နှစ်ချပ်ပေးပြီး
ကျန်တစ်ချပ်ကိုတဝက်ဖဲ့ကာ အငယ်မလက်ထဲထည့်
တဝက်အားသူစားလေသည်။"ခွန်ဝမ်း...သား ကျောင်းတက်ချင်လား..."
"မဲ့...သားကျောင်းတက်ရင် နွန်နန်းကို
ဘယ်သူထိန်းပေးမလဲ...""အေးနော်...ကျောင်းတက်လဲ ဘာရမှာလဲ...
ကြီးရင် ယာလုပ်ရမှာပဲ စာတတ်လဲဘာမှမှမထူးတာ...
မင်းအဖေ ပညာတတ်ကြီးတောင် မဲ့နဲ့ယူပြီး
ဘိန်းစားပဲလုပ်နေတာသာကြည့်တော့....
သားလေး ကြီးလာရင် ဘိန်းတော့မစားနဲ့နော်......""မဲ့နဲ့ နွန်နန်းကိုစောင့်ရှောက်မှာ စိတ်ချ..."
"လိမ္မာလိုက်တာ သားရဲ့နာမည်လေးလေ
ညကသားအဖေပြောပြတယ်...
ခွန်တို့ နွန် တို့ နန်းတို့ဆိုတာက မဲ့ တို့ ရှမ်းတွေရဲ့
အခေါ်ဝေါ်တွေ...မင်းအဖေက မြေပြန့်သားဆိုတော့
မင်းနာမည်ကိုသူ ပေးချင်တာပြောပြလေရဲ့ကွာ..."
![](https://img.wattpad.com/cover/217286515-288-k296338.jpg)
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."