နေ့လည်ထမင်းစားစဉ်တည်းက တွန့်ကွေးနေသည့်
ကိုရန်ဆိုသည့် ဟိုလူကြီး၏မျက်နှာသည်
ကျောင်းဆင်း၍ပြန်ချိန်အထိပင်။ ဖြိုးနှင့်မင်းမင်း တို့အား
ပြုံးကာ နှုတ်ဆက်သော်လည်း မျက်မှောင်ကြုတ်နေသည်ကမပြေသေးပေ။"ဖြိုး...နင့်ကိုကြီးဆိုတဲ့သူ မျက်နှာက
မိုင်း၇လုံးလောက်နင်းမိထားရတဲ့သူလိုပဲ....
ဘာဖြစ်နေတာလဲသိလား......."ထိုသို့စာပို့သည်ကို ချစ်စရာသူငယ်ချင်းလေးသည်ကလဲ
သိချင်နေသည်ထင် လူမိုက်ငှါးလေသည်။"ငါလဲမသိဘူး...မျက်နှာကြီးက အလိုမကျဖြစ်နေတာပဲသိတယ်......နင်မေးကြည့်လိုက်ပါလား..."
"နေလိုက်တော့ မေးမနေဘူး....ငါ့အပူလဲမပါဘူး...."
"နင်ပဲသိချင်နေတာလေ မေးလိုက်ပေါ့လမင်းရဲ့..."
"မမေးဘူး..."
လမ်းတလျှောက်လုံး ဖုန်းတကြည့်ကြည့်နှင့်
အလိုမကျဖြစ်နေသည့် ကလေးအားကြည့်ကာ
ရင်ထဲတွင်လည်း လေးလံနေမိသည်။ယခုနလေးကတွေ့ခဲ့ရသော မင်းဝေဆိုသည့်
ကောင်လေးပြောသွားသည်များက တကယ်လား။သို့လော သို့လောဖြင့် ဇဝေဇဝါဖြစ်နေခဲ့သည်။
မေးကြည့်လျှင်ရောကောင်းပါ့မလား။တွေးနေစဉ်ပဲ သူလေး၏ ဖုန်းလာနေသည်မှာ
သုံးကြိမ်ထက်မနည်းတော့ချေ။ ဖုန်း
မကိုင်ပါပဲ အပြင်ဘက် လမ်းများကိုသာ
ကြည့်နေသည့်ကလေးကြောင့် ဘယ်သူဆက်သည်လဲသိချင်မိ၏။
ထိုအတွေးတို့ဖြင့်လည်း ရင်ထဲတွင်မောပန်းနေရသည်။"ဖုန်းကိုင်လိုက်လေ အရေးကြီးလို့နေမှာပေါ့...."
"ကိုရန် ဘာမှမသိပဲ ဝင်မပြောနဲ့..."
ထိုသို့ပြောကာ အဝါနုရောင်အကျီလေး၏ လည်တိုင်နားရှိနေသော ကြယ်သီးလေးအား ဖြုတ်လိုက်စဉ် မြင်လိုက်ရသည့် ဖြူဖြူဖွေးဖွေးလည်တိုင်လေးနှင့် ချိုင့်နေသည့်
ရင်ညွန့်လေး စက္ကန့်ပိုင်းလောက်သာရှိသည်ကို
မြန်မြန်အကြည့်ခွာကာ ခုန်လာသည့်ရင်ခုန်သံအား
အသက်ရှူသံပြင်းပြင်းဖြင့် အစားထိုးလိုက်ရတော့သည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."