စာမေးပွဲဖြေရန်ပြင်ဆင်နေရခြင်းကြောင့် လမင်းအားမတွေ့ရသည်မှာ ယနေ့ဆိုလျှင် ၄ရက်မြောက်ရှိနေလေပြီ။ တွေ့ချင်မိသည်ကြောင့် ဆေးတက္ကသိုလ်သို့ ထွက်လာခဲ့သည်။ ယခုချိန်ဆိုလျှင်
ကန်တင်းတွင်ထိုင်ကာ နားနေချိန်ဖြစ်လောက်မည်။သူလေးအားတွေ့ရတော့မည့်အတွေးဖြင့် အပျော်လွန်ကာ ကန်တင်းတွင်ရောက်ချိန် လမင်း၏ခေါင်းလေးအား ငြင်သာစွာပုတ်ကာ အရှေ့ဆံပင်ကျနေသည်ကိုလည်း သပ်တင်ပေးနေသည့် ကောင်လေးတစ်ယောက်။သေသပ်သော အဝတ်အစားများအားကြည့်ရခြင်းဖြင့် မျိုးရိုးမြင့်သောအသိုင်းအဝိုင်းကပင်ဖြစ်လိမ့်မည်။ ထိုသူသည် မည်သူနည်း။ ဘာကြောင့် ဒီလောက်အနီးကပ်ထိုင်ကာ
အရမ်းရင်းနှီးနေကြသည်လည်း မသိ။ကိုင်ထားသည့်အိမ်သော့နှင့်ပိုက်ဆံအိတ်၊ ဖုန်း တို့ကိုပင်
စားပွဲပေါ်စောင့်ချကာ ခပ်တည်တည် ဝင်ထိုင်လိုက်သည်။
တစ်ချက်သာလှမ်းကြည့်လာ သူလေးက မျက်စောင်းထိုးသွားပြန်၏။ထိုလူငယ်လေးကတော့ ရယ်ပြနေပါသည်။
မကောင်းတတ်၍ ခေါင်းငြိမ့်ပြလိုက်ရုံဖြင့် လွင့်ထွက်သွားလျှင်ကောင်းမည်။"ကလေး ကိုကို့ကိုမိတ်ဆက်ပေးလေ...
ကလေး အသိလား.....""အင်း ဟုတ်တယ်...ဖေဖေ့ရဲ့ဆေးရုံကလက်ထောက်ဆရာဝန် ဖေဖေ့တပည့် လမင်းကိုလဲ
ကျောင်းကြိုပို့လုပ်ပေးတယ်...သူ့နာမည်
ဒေါက်တာချစ်ရန်မောင်လို့ခေါ်တယ်....""ကိုရန်...သူက လမင်းရဲ့ကိုကို..."
ရုပ်တည်ကြီးနဲ့ထိုလူကြီးက ဘာရုပ်ဖြစ်နေမှန်းမသိရ။
"လမင်းရဲ့ချစ်သူလေ..."
မိတ်ဆက်ပေးလာသည့် လမင်းသည်
ပြုံးပျော်နေသည့် မျက်နှာလေးဖြင့်ပင်။'တကယ်ပဲ ကိုယ့်ကလေးကို ဆုံးရှုံးရပြီလား...
လက်လွှတ်ပေးရတော့မှာလား...'.......
နေ့လည်က လမင်း၏ကျောင်းတွင်ဖြစ်ခဲ့သည့် အဖြစ်ကိုတွေးရင်း သက်ပြင်းကိုအကြိမ်ကြိမ်ချကာ လိမ္မော်ရည်သာ လှိမ့်သောက်နေမိသည်။
'ကလေးက ချစ်သူတောင်ရှိနေပြီဆိုတော့
မောင့်ကို မလိုအပ်လောက်တော့ဘူးထင်ပါရဲ့...'
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."