ဗီဒိုထဲမှအကျီထုတ်နေသော မောင့်ကျောပြင်အား
ငေးကာစိုက်ကြည့်နေမိသည်။ ထိုကျောပြင်ပေါ်
ပါးပြင်မအပ်ခဲ့ရသည့်နာရီပေါင်းမှာလည်း သိန်း၊သောင်းမကတော့ချေ။ ကြာငြောင်းနေခဲ့လေပြီ။
တူနှစ်ကိုယ်အချစ်တို့ နှီးနှောပြီးတိုင်းလည်း မောင့်မျက်နှာလေးကိုမတွေ့ရခဲ့။မောင်လည်း နံရံဘက်လှည့်အိပ်ရခြင်းအပေါ် ခုန်မင်သွားသည်ထင်ပါရဲ့။ ဘာအကြောင်းမှမေးမရ၊ ပြောမရ၊ မင်းလုပ်ရက်တွေ မင်းအသိဆုံးပေါ့ဟုသာပြောလေ၏။ ဒီနေ့တော့ မောင်ပြောနေကျ မင်းလုပ်ရက်ဆိုသည့် လမင်းလုပ်ရက် ဘာမှားနေခဲ့လဲဟု မေးကိုမေးရမှာပ င်။
"ဘာလုပ်မိလို့လဲ ဘာတွေလုပ်မိလို့ မောင်ဒီလိုပုံစံဖြစ်နေတယလဲ....လမင်းကို တိကျတဲ့အဖြေပြော မောင်..."
ဆောင့်တွန်းခံလိုက်ရ၍ ကုတင်ပေါ်တွင် ပြိုကျလုမတတ် ယိုင်နဲ့ရယ်ကာလဲကျသွားရ၏။ အလဲလဲအပြိုပြို ကိုယ်ပေါ်အားတက်ခွလာသော မောင့်ကြောင့် ဝမ်းဗိုက်အထက်တွင် အောင့်ခနဲ။ လည်ပင်းအညှစ်ခံထားရခြင်းကြောင့် အသံလဲထွက်မရ။ အသက်လဲရှူမရတော့။
အရပ်ပုပုနဲ့သေးသွယ်လှသော ကိုယ်လုံးအား
ပိုင်ဆိုင်ထားသောသူက တောင့်တင်းသန်မာလှသည့် ခန္ဓာကိုယ်ပိုင်ရှင်၏ သန်မာမှုကို မယှဉ်နိုင်ခဲ့ပေ။ လည်ပင်းညှစ်ထားသော မောင့်ရဲ့လက်ကလေး၏အားစိုက်မှုသည် ပြင်းထန်သည်ထက်ပြင်းထန်လာကာ မျက်ဝန်းများပါပြာဝေလာရတော့၏။ နောက်ဆုံးအနေဖြင့်လည်း မရုန်းချင်တောပြီ။ မောင့်လက်ထဲ၌သာ စိတ်ဝိဉာဉ်ချုပ်ငြိမ်းရလျှင်လည်း ပျော်မွေ့မိမှာအမှန်ပင်။ 'မောင်ကိုချစ်တယ်' ဟုသာ စိတ်ထဲ၌အော်ဟစ်ရင်း မောင်ပေးသမျှ နာကျင်ခြင်း၌ ပျော်မွေ့ ကခုန်မိလေ၏။"တောက်စ်..."
ကျယ်လောင်လှသော တောက်ခေါက်သံနှင့်
လွတ်မြောက်မှုရရှိသွားသော လည်ပင်းသားများ။ ချောင်းဆိုးရခြင်းမှာလည်း အဆက်မပြတ်တော့။
မောင်ကအနားသို့ကပ်လာပြန်သည်။ မကြာလျုက်သောအချိန်၌ ရုတ်ချည်းဝင်ရောက်လာပါသော ဆံနွယ်များကြား လမင်းသဘောကျနှစ်သက်ခဲ့သော မောင့်ရဲ့လက်သွယ်သွယ်လေးများရဲ့ ကြင်နာခြင်းေတာမဟုတ်ခဲ့ပေ။ နာနာကျင်ကျင်ဖြစ်ရလေအောင် ဆွဲကိုင်ထားခြင်းပေ။ ဦးခေါင်းအထက်မှနာကျင်မှုသည် တဆစ်ဆစ်ဖြင့်။ တရားခံမှာ ပြေးကြည့်စရာမလို အရှေ့တည့်တည့်မှရပ်နေသည့် လမင်းရဲ့မောင့်ကြောင့်သာ။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."