နောက်ဆုံးနှစ်ဆိုသည့် စာမေးပွဲကြီးပြီးရန် ၄လသာလိုတော့သည်။ ဘာလိုလိုနှင့် အချိန်ကုန်သည်ကလည်း
မြန်လွန်း၏။ စာမေးပွဲနီးသည်ကြောင့် မောင် တစ်ယောက် လမင်းအား တခြားသင်တန်းများမသွားခိုင်းတော့ပေ။"ကလေး ဒီVideoကိုကြည့်ပြီး Notesထုတ်ထားနော်..."
Laptopအားစားပွဲခုံပေါ်သို့ချပေးလာသော မောင်။
"အူမကြီးခွဲစိတ်မှုနဲ့ အူတွင်းကလီစာယောင်ရမ်းရခြင်းရောဂါအခြေအနေ..."
"ကပ္ပါယ်အိတ်ကင်ဆာအကြောင်း Notesထုတ်ထားပြီးပြီ...မောင့်ကိုပြမယ်
စစ်ပေးဦးနော်...""ရေမြန်မြန်ချိုးပြီးပြန်လာခဲ့မယ်နော်..."
"အအေးပတ်မယ် Heaterဖွင့်ဦးနော်..."
"ဟုတ်ကဲ့ပါဗျ..."
လှည့်ထွက်သွားတော့မည့်မောင်က ခေါင်းလေးငြိမ့်ကာ ပြုံးပြသွားသေး၏။ သွားတန်းလေးများပေါ်အောင် ရယ်လိုက်ချိန်ဝယ် ပါးပြင်ထက်မှ ချိုင့်ခွက်လေးက ခန့်ညားမှုကြားအံဝင်ခွင်ကျ။
"မောင်..."
"ဗျာ..."
ရေချိုးခန်းထဲဝင်ရန်ပြင်နေသူက လည်ပြန်ကြည့်လို့ထူးလာ၏။ ဘယ်နေရာတွင်ဖြစ်နေပါစေ မောင်ဟုခေါ်တိုင်း ဗျာလိုထူးတတ်ခြင်းကလည်း အစဥ်အလာတစ်ခုလိုဖြစ်နေပါ၏။
"အာဘွားပေးချင်လို့ လာပါဦး..."
ထိုသို့ပြောတော့ မောင့်ငြူစူသံကြားလိုက်ရ၏။
"မောင့်အလှလေးရေ မောင်အလုပ်ကပြန်လာခါစညစ်ပတ်နေတယ်လေ..."
"ဟင့်အင်း မရဘူး လာဆိုလာ..."
တစ်လှမ်း၊နှစ်လှမ်းလျှောက်လာလေသူမောင့်အနား
တဖြေးဖြေးချင်းတိုးကပ်သွားချိန် မောင့်ရင်ခွင်ထဲအံဝင်ခွင်ကျ။ ရင်ခွင်ကျယ်အားခေါင်းတိုးမိတော့
မောင့်ရယ်သံလွင်လွင်ကလည်း သဘောကျနေခြင်းကို ပုံဖော်လျက်သား။"မောင်..."
"..."
"ဒီလိုလေးခဏဖတ်ထားမယ်နော်...
ချွေးနံ့နဲ့ပိုးသတ်ဆေးနံ့တွေရောနေပေမယ့် မောင့်ကိုယ်သင်းရနံလေးကမွှေးနေတုန်းပဲ..."
KAMU SEDANG MEMBACA
ပြိုမယ်မိုးလေး မသည်းစေလို.....
Romansa"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."