တိတ်ဆိတ်ငြိမ်သက်နေသည့်အခန်းလေးထဲတွင်
ကိုအဲလက်စ်၏သီချင်းချစ်သူ သီချင်းသံလေးမှလွဲ ဘာမှမကြားရ ပဂတိတိတ်ဆိတ်နေ၏။ သီချင်းသံကတော့ ဤအိမ်ထဲဝယ် အမြဲလိုလိုကြားနေရခြင်းပေ။"လမင်း မောင်လွမ်းတယ်....."
ကုတင်ပေါ်တွင်လှဲလျောင်းကာ အိပ်စက်နေရာမှ ရေရွတ်၍ ယောင်ယမ်းနေခြင်းပင်။
မျက်လုံးများရယ်က မပွင့်။ ပါးစပ်မှသည် လွမ်းတယ်ဟုသာ
ရေရွတ်လျက် မျက်ရည်များက မျက်ဝန်းထောင့်မှ
လှိမ့်ကာကျနေပြန်သည်။"မောင်တကယ်လွမ်းတယ် ကလေးရယ်...
မောင့်ကိုတကယ်ထားရက်ခဲ့ပြီ တကယ်ထားခဲ့ပြီနော်..."အငွေ့အသက်လေး အနံ့အသက်လေးတစ်ခု အလွန်ရင်းနှီးပါသော အနံလေးတစ်ခုရနေ၏။ မဖွင့်နိုင်သောမျက်ဝန်းများကို ကြိုးစားကာ ဖွင့်နေသော်လည်း မျက်ခွံများက ပွင့်၍မလာချေ။
အနားသို့လျှောက်လာနေသည့် သူတစ်ဦးရှိနေသည်ဟု ခံစားရသည်။ ချစ်ရသူလေးဖြစ်ပါစေသားဟု ကြိတ်မှိတ်ကာဆုတောင်းမိ၏။"မောင်.........."
ပါးပြင်ပေါ် တို့ထိ လာသည့် အငွေ့အသက်လေးတစ်ခု။ မျက်ဝန်းများအား ကြိုးစားကာဖွင့်နေသော်လည်း ဖွင့်မရ။
"လမင်း...လမင်း ကလေး..."
ရဲရင့်တစ်ယောက် ထိုင်ခုံမှာထိုင်ရင်း အသံကြားသည်ကြောင့် ကုတင်ပေါ်ရှိ ဆရာသမားအား ကြည့်လိုက်မိသည်။
ယောင်နေခြင်းသာ မျက်ရည်များလည်း ကျနေပြန်သည်။
လမင်း ဆိုသည့် အမည်တစ်ခုအား အာဂုံဆောင်ကာ ဂါထာရွတ်သလို ရွတ်ဖတ်နေ၏။
နေ့နေ့ညည အဆက်မပြတ် လမင်း၊လမင်းဟုသာ တမ်းတနေ၏။ အခုတလောတွင် ပိုကာဆိုးရွားလာသည်။"မသွားပါနဲ့ မသွားပါနဲ့..."
လမင်းပြန်လာလေပြီ။
ကျွန်တော့်ဘေးနားရောက်နေလေပြီ။
ကျွန်တော့်မျက်ဝန်းများဖွင့်လိုက်လျှင် လမင်းထွက်ပြေးသွားတတ်သည်ကြောင့် မဖွင့်ရဲသေးပေ။ မျက်ဝန်းတို့ကြိုးစားကာ ဖွင့်ကြည့်ချင်သည်။ သို့သော်ကြောက်မိသည်က ပျောက်သွားမှာကိုပင်။"မသွားပါနဲ့.......မသွားပါနဲ့နော်......"
အနားမှပျောက်ကွယ်သွားမည်ဆိုး၍ တားနေမိသည်။ အနားကနေ ထပ်ထွက်သွားမည်ကိုမလိုလားတော့ပေ။ သိုင်းဖက်ထားလိုက်မိသည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."