ကိတ်မုန့်ဆိုင်တွင် မုန့်စားကာ
မင်းမင်းအား စောင့်နေမိကြသည်။ နောက်လတွင်ကျင်းပမည့်
လမင်း၏မွေးနေ့ပွဲအတွက် ကိတ်မုန့်ေအာ်ဒါမှာ
ရန်လာကြည့်ရုံသာ။ နာမည်ကြီးဆိုင်စုစုပေါင်း၅ဆိုင်သွားကြမည်။ငယ်စဥ်က မောင်နှင့်အတူ ဆုတောင်းပြုခဲ့သောကိတ်မုန့်လေးသည် ယခုရောက်နေသော ဤဆိုင်မှဝယ်ယူခဲ့၍ ဤဆိုင်သို့ရောက်နေကြခြင်းပေ။
"ဟေ့ ငါရောက်ပြီ..."
လူအရင်အသံရောက်လာသော ဗိုက်ကလေးအားကြည့်ကာ သူငယ်ချင်းအတွက် မုန့်မှာပေးရန် ထ ရလေပြီ။ ကိတ်ဆိုင်၏ ကိတ်များထည့်ထားသည့်
မှန်ကြီးတွင် တစ်ချက်တစ်ချက်မြင်လိုက်ရသော ကိုယ့်ပုံစံလေးကိုလဲ အရမ်းသဘောကျမိနေတော့သည်။ မိတ်ကပ်မှမလိမ်းထားသော်လည်း နို့ရည်လေး၏အကူဖြင့် ချောမွတ်ကာ ကြည်လင်နေသည့်မျက်နှာလေး။"ဟယ်...ငါဘယ်လိုကူညီရမလဲ...ဗိုက်ကြီးနဲ့လေ လမင်းရယ်..."
"အေးလေ......."
လမင်းတစ်ယောက် သူငယ်ချင်းများအား ရစ်နေခြင်းသာ။ ကားမတော်တဆတိုက်မိသည့်ပုံစံဖြင့် မောင့်အား ကားဖြင့်တိုက်ခိုင်းမည်။ ထိုစဥ်မှာပင်
လမင်းက ကဗျာကယာဖြင့် တွန်းဖယ်ပေးမည်။
ကားမတိုက်မိသော်လည်း ချော်လဲကြမည်။ အတိတ်မေ့ချင်ယောင်ဆောင်ကာ မောင် တစ်နည်းမဟုတ်တနည်းဖြင့် သူသည်မောင်ပါဟု ပြောလာအောင်လုပ်မည်။'အတိတ်မေ့သွားလျှင်တော့ ငယ်ဘဝတွေပါ
အစပြုလို့ပြောပြကာ မောင်က ကျွန်တော့်ကို ဆေးကုပေးပေလိမ့်မယ်မဟုတ်လား...'"သိဘူးဟာ....တစ်ယောက်တော့ကူညီကျ..."
"နင်နဲ့တော့ခက်တယ်ဟယ်..."
"မောင်က အခုထိငါ့ကို သူ့ကမောင်ပါဆိုပြီး ဝန်မခံသေးဘူး... ငါကမောင်နဲ့အတူတူ မွေးနေ့ပွဲကျင်းပချင်တာဟာ..."
"ငါလုပ်ပေးမယ်..."
"တကယ်နေယ် ဖြိုး..."
"မင်းမင်းကဗိုက်ကြီးနဲ့ဘယ်လိုလုပ်မလဲ ငါပဲကူမယ်ဟယ်......"
"ချစ်လိုက်တာဖြိုးရာ....နင့်ကိုအချစ်ဆုံးပဲသိလား...."
အတင်းအကြပ်ဖက်ကာ လာချွဲနေသည့် လမင်းကြောင့်တွန်းဖယ်ကာ အော်နေသည့် ဖြိုး။
သူငယ်ချင်းများအားကြည့်ရင်း
ကိုယ်တိုင်လဲပြုံးနေမိတော့သည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."