မောင်စားချင်သည့် ဟင်းလေးများချက်ပေးနေရင်း
တွေးနေမိကာ အပြုံးတို့ကလဲမပြတ်သေးချေ။မနက်ခင်းက မောင်ပြောလိုက်သော စကားအားကြားယောင်ကာ အပျော်ကြီးပျော်နေမိခြင်းပေ။ မျောက်သစ်ကိုင်းလွတ်မတတ်ပျော်ပါ၏။ ပျော်ရွှင်နေသည့်မျက်နှာထားကြောင့်ထင် မာမီကပင် မေးယူရသည်အထိဖြစ်ခဲ့ရ၏။
မှိုင်တွေရင်း ငေးငိုင်တတ်ခဲ့သည်မှာ ကြာခဲ့ပြီမို့ ယခုလို မှိုရနေသော မျက်နှာထားအား အိမ်မှလူများရိပ်စားမိခြင်းနေမည်။ ယခုတော့ မျောက်ကလေး အုန်းသီးရလိုက်သလို ပျော်ရင်း မနက်ကအဖြစ်အပျက်အား တွေးနေမိသည်။
"မောင် ဂျူတီ က ၂နာရီမှလေ...
၁၂နာရီပဲရှိသေးတယ်...ရက်စွဲမှားကြည့်လာတာလား...""အာ...ဟုတ်သားပဲ ကြာသပတေးဆိုပြီး စောစောထွက်လာမိတာ...."
"ဒီနေ့က အဂါနေ့ပဲရှိသေးတယ်လေ မောင်ရဲ့..."
မောင်နဲ့လမင်းတို့ ဘယ်လောက်ချစ်လိုက်ကြလဲ။ ရုံးခန်းတစ်ခုတည်း အတူတူဝေငှသုံးခဲ့ကြသည်။ မျက်နှာချင်းဆိုင်စားပွဲတွင် အသီးသီးနေရာယူကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တခါတလေဆိုအပြုံးပန်းလေးတွေဝေဆာစွာ အနမ်းလေးတွေချိုမြိန်စွာ။
လွန်ခဲ့သောလပိုင်းလောက်ကမှစတင်၍ ပြောင်းလဲလာသော မောင်တစ်ယောက် အခုဆိုလည်း စာအုပ်အထူကြီးတစ်ခုအား စိတ်ဝင်တစားဖတ်နေရင်းမှ စကားဆိုလာသည်။ အကြည့်တစ်ချက်မပို့သော်ငြားလည်း လမင်းဆိုသောအခေါ်လေးနဲ့တင် အဆင်ပြေပါသေးသည်။
ကိုယ်ကချစ်ရသူပဲ သည်းခံနိုင်ပါသည်။
မောင် စိတ်ဆိုးရခြင်းအကြောင်း လမင်းမလုပ်ခဲ့လျှင်တောင် စိတ်ဆိုးပြေလောက်အောင်အထိတော့ အလျော့ပေးဦးမှာ။ မောင့်ကိုအဲ့ဒီလောက် အဲ့ဒီလို
ချစ်ရပါ၏။"လမင်း...ကြာဇံဟင်းခါး ပူပူလေးရယ် ရှောက်သီးသုပ်ရယ် စားချင်တယ်...ကြက်အမွအစပ်ကြော်လေး၊ ငါးဒန်အချဉ်ဆီပြန်နဲ့ ရုံးပဒေသီးကြက်ဥကြော်၊ ခရမ်းချဉ်သီးပန်ထရေဖျော်လေး မစားရတာကြာပြီ....မင်းလက်ရာလေးတော့ လွမ်းသား..."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."