Extra - 3

16.1K 853 58
                                    

ကားလေးသည်က ကတ္တရာလမ်းမပေါ်မှဖြတ်ကာ
ပန်းလှိုင်အိမ်ယာဆိုသည့်နေရာသို့ ဦးတည်နေလေသည်။
ရဲရင့်၏ကားအနောက်သို့လိုက်သွားခြင်းတွင် လမ်းကျွမ်းကျင်နေ၍တော့မဟုတ် သို့သော်လည်းမမ၏အိမ်သို့ သွားသည့်လမ်းနှင့်တူနေခြင်းကြောင့် ထိုနေရာသည်က လှိုင်သာယာမြို့နယ်ထဲမှာဟုသိလိုက်သည်။ ထင်သည့်အတိုင်းပင် မမအမျိုးသား၏အိမ် ရဲရင့်အဖေ၏အိမ်ထဲသို့ ကားလေးဝင်သွားသည်။

"ရဲရင့် က လှည်းတန်းဘက်က ကွန်ဒိုမှာနေနေတာဆိုပြီး
မမပြောတယ်လေ...အခုက လာလည်တာလား....?"

ရဲရင့်တစ်ယောက်ကားပေါ်မှဆင်းကာ အိမ်ထဲသို့ဝင်သွားသည်။ မမကလည်း မသန်စွမ်းသူများအတွက်သုံးသည့် stand ကိုကိုင်လျက် ရဲရင့်သည်လည်း ကားပေါ်မှဆင်းကာ အိမ်ထဲသို့ဝင်လျက် ဝှီးချဲတစ်ခုအား တွန်းလာပြီး ကားတံခါးဖွင့်သည်။ ကား၏အကွယ်ဖြစ်နေသည်ကြောင့် ဘယ်လိုဘယ်ပုံဆိုသည်ကို မမြင်ရသော်လည်း နောက်ဆုံး ကိုစော အား ရဲရင့်ကိုင်ထားသည်ကိုတွေ့ရသည်။ မမက ဝှီးချဲကိုကိုင်လျက် ကိုစော ထိုင်နိုင်စေမည့် အကွာအဝေးအတိုင်းထားကာ ဝှီးချဲပေါ် ထိုင်စေသည်။

ထိုအိမ်ထဲမှ ထွက်လာသည့် အမျိုးသမီးကြောင့် လမင်းပို၍အံ့သြရသည်။ ဘရူနိုင်းသို့အလည်အပတ်ခရီးတွင် တစ်ပတ်လောက်ကြာမည်ဆိုသည့် မာမီက ဤအိမ်ထဲရောက်နေခြင်းကြောင့်ပင်။မာမီ့ကို လမင်းကိုယ်တိုင်လက်မှတ်ဝယ်ပေးကာ ကိုယ်တိုင်လေဆိပ်သို့ သားလေးယောက်လုံးနှင့် လိုက်ပို့ခဲ့သည်ကမု ဘယ်လိုကြောင့် ဤအိမ်ထဲရောက်နေသည်လဲ။
ယခုတော့ ဘာတွေဖြစ်ကုန်သည်လဲ.....?
ဆက်၍ကြည့်နေမိချိန်တွင် မာမီ ကိုယ်တိုင်
ကိုစော၏ဝှိီးချဲအားတွန်းကာ အိမ်ထဲသို့ ရယ်မောလျက်
ဝင်သွားကြသည်။

..........

"အန်တီ Belle ဖူန်းလာနေတယ်.... လမင်းခေါ်တာ
Facebookကနေတော့ ........"

မမ၏မီးဖိုထဲမှ အသံကြောင့် မာမီလေးအပြေးသွားသည်။
ရဲရင့်နှင့်အတူ မနက်ခင်း ကန်တော်ကြီးထဲလမ်းလျှောက်ထွက်ပြီး ဈေးဝယ်စင်တာတွင် စားချင်သည်လေးများရှိရင် ဝယ်ကြမည်ဆိုသည့် ကိုလျှာရှည်လေးကြောင့် ထိုစင်တာထဲဝင်ရသည်။ ဘာမှတော့မဟုတ် ဝယ်လာကြသည်က Sushiနှင့် ရေညှိထမင်းလိပ်များ၊ ကင်မ်ချီ နှင့်
ရေညှိပြားများပင်။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now