ဗုံဗုံးလေးအား ပေါင်ပေါ်တင်လျက် ကားနောက်ခန်းတွင် တည်ငြိမ်စွာထိုင်နေသည့် ဆရာသမားအားကြည့်ကာ ရဲရင့်တစ်ယောက်လည်း ရင်ထဲတွင်မကောင်းပေ။ ဗုံဗုံးလေးမှာတော့ ကလေးပီပီ ဘာမှမသိရှာသေးချေ။
"ဖေဖေ...ဖေဖေ...ဗုံဗုံးတို့ဘယ်သွားနေတာလဲဟင်..."
ကားစီးကာအပြင်သွားနေရသောကြောင့် ပြုံးပျော်နသူ ကလေးလေးအား ကြည့်ကာ မျက်ရည်များဝဲတတ်လာလေပြီ။ ခန္ဓာကိုယ်လေးလှည့်ကာ ခေါင်းလေးတစ်ခြမ်းစောင်းပြီးမေးလာပြန်၏။
"Daddyနဲ့ တုန်တုန်းလေးဆီသွားနေတာလားဟင်..."
အောက်နှုတ်ခမ်းအား ဖိကိုက်ကာ ဝမ်းနည်းမှုများအား ထိန်းထားသော်လည်း နာကျင်ခြင်းဟူသည် မျက်ရည်အဖြစ်သို့ပြောင်းကာ ပါးပြင်ထက်စီးကျခဲ့ရသည်။
သားလေးကိုဘယ်လိုရှင်းပြရမလဲ လောကဓံရယ်။
"ဖေဖေ... ဖေဖေ...မငိုပါနဲ့...
ဘာလို့လူတိုင်းက ဒယ်ဒီ နဲ့ တုံတုံးလေးပုံကို
ကြည့်ပြီးငိုနေကြလဲ ဖေဖေ....""ဖေဖေငိုတော့ မျက်ရည်တွေသုတ်ပေးမယ့်Daddyကိုဘာလို့မတွေ့ရတာလဲ...Daddyချော်လဲလို့ငိုရင်တော့ ဖေဖေကအမြဲတမ်းပဲ မျက်ရည်တွေသုတ်ပေးနေကြလေ..."
"သားရယ်..."
"Daddyကိုသွားရှာကြမယ်လေ အခုDaddyတို့ဆီသွားနေတာလားဟင် ဖေဖေ..."
မျက်ရည်များအား သူ၏လက်သေးသေးလေးများဖြင့်
သုတ်ဖယ်ပေးနေရှာပြန်သည်။"သားရယ်......."
သားလေးအား ရင်ခွင်ထဲမှ လွတ်ထွက်မသွားစေရန်
တင်းကြပ်စွာ ပိုက်ထွေးထားလိုက်သည်။
ငိုနေမိသည်က အသံများပင်ထွက်လာ၏။
မျက်ရည်များမှာ တောင်ကျရေအလား
အဆက်မပြတ်တသွင်သွင်စီးဆင်းလျက်။
ဝမ်းနည်းစို့ကြပ်လာမှုမှာလည်း ထိန်းလေ၊ ပိုဆိုးလေနှင့်အတောမသတ်နိုင်။
ရုန်းထွက်လေ နစ်ဝင်လေ၊တွေးမိလေ
သတိရလေဖြစ်နေသည်။
'ဒီသံသရာမှာ မောင်တို့ဝေးရပြီလား လမင်းရာ...'
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."