DNA အဖြေစာရွက်အားကိုင်ပြီး သောကများအား ဘယ်သူသိနိုင်မလဲ။ အဖြေသည်က ကျွန်တော်သားဟုရည်ညွန်းသည်။ ဆယ်စုနှစ်တစ်စုကျော်လွန်ကာ သားတစ်ယောက်ရှိနေသည်ကိုပင်မသိရှိခဲ့ပေ။
'မိဘမဲ့ဂေဟာတွင်ကြီးပြင်းခဲ့ရသည်တဲ့လား
အဖေ့သားကြီးရယ်....'ဖြစ်လာမည့်ဘေးပြေးတွေ့ရုံမျှသာ ကိုယ့်သွေးသားဖြင့်တည်ရှိနေသော လူသားတစ်ယောက်အား မပစ်ပယ်ချင်။
လျစ်လျူမရှုူ့ရက်။ ချစ်ခဲ့ရသူ၏ချန်ထားရစ်ခဲ့သည့် ခင်တွယ်ရာလေးပေမို့ ကျူးလွန်မိသည့်အပြစ်အားလည်း
ပြန်လည်ကာပေးဆပ်သည့်အနေဖြင့် သားလေးအား
ဖြစ်ချင်တာ လုပ်ချင်တာများဖြင့် မရရှိခဲ့သည့် မိခင် ဖခင် မေတ္တာများကိုပေးဆပ်သွားမည်။"ကျွန်မအိမ်ကနေပဲ စောင့်နေမယ် Darling....
ဆရာမကြီးတွေနဲ့သေချာပြောပြီး ခေါ်ခဲ့ပါ...."အခန်းတွင်းဝင်လာသည့် သူက ဤစာရွက်အား ဘာဆိုသည်ကိုသိနေသည်ထင်ပါသည်။ အပြုံးနုနုကိုပန်ဆင်၍
ကျောပြင်အား ကလေးတစ်ယောက်သဖွယ်ပုတ်ပေး၍ ဝမ်းနည်းနေမှုမှုကို ဖြေဖျောက်ပေးရှာသည်။"ကျေးဇူးတင်ပါတယ် Belle...."
"ခွင့်လွှတ်လိုက်မယ် သားဆိုတဲ့ကလေးရဲ့မျက်နှာကြောင့်ပဲ..."
"တောင်းပန်ပါတယ်..."
"ကျွန်မသားကိုပိုချစ်ပေးပါ...ရှင့်သားကိုလည်း
ကျွန်မသားအရင်းလိုပဲချစ်ပေးပါ့မယ်...".................
ကိုရန်နှင့် ကစားနေခြင်းကို
ဘာကြောင့်လာခေါ်တာလည်းမသိ။
ရန်ပိုင့်လိုများ မွေးစားသည့်သူများလာတာလား။
ဒီလိုဆိုရင်လည်း မမနှင့်ရော
ကိုရန်နှင့်ပါ ဝေးရမည်။ မခွဲချင်ပါဘူး။
ဘယ်လိုလုပ်ရမလဲ။"သား စောမင်းရန် လာထိုင်ခုံမှာဝင်ထိုင်...."
ခေါင်းငြိမ့်ပြကာ လက်ပြသည့်နေရာသို့ဝင်ထိုင်လိုက်သည်။
ဘေးခုံတွင်ထိုင်နေသည့် ဦးဦးက မျက်ရည်များဖြင့်
ကျွန်တော့်အားကြည့်နေလေသည်။"သားလေးစောမင်းရန်...ဒီဦးဦးက သားကိုလာခေါ်တာ..."
"ဟင့်အင်း...ဆရာမကြီး သားမေမေက စာအုပ်ထဲမှာရေးခဲ့တာ သားဖေဖေလာခေါ်လိမ့်မယ်သားတဲ့.....
ဖေဖေနာမည်တောင်ရေးထားသေးတယ်
မယုံရင်ပြမယ်နော်....ဖေဖေ့ကိုပဲစောင့်ပါရစေ
ဆရာမကြီး........"

VOCÊ ESTÁ LENDO
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."