Part - 40 (Uni & Zawgyi)

8.5K 682 53
                                    

အပြင်မှပြန်လာသည့်အချိန်တွင် သီချင်းသံသဲ့သဲ့ကြားနေရ၍ သေချာနားစွင့်မိသည်။
ကိုစော၏ အခန်းအတွင်းမှဖြစ်နေသည်။
ကိုရန်ဆိုသည့် လူကြီးနှင့်လည်း တွေ့တိုင်း
ရန်ဖြစ်ခဲ့ရ၍ မောနေလေ၏။
အမှုမဲ့အမှတ်မဲ့ပင် ကိုယ့်အခန်းတွင်း
ကိုယ်ဝင်လာခဲ့မိသည်။

'ထူးထူးဆန်းဆန်း ငါ့အကိုကြီးက သီချင်းအကျယ်ကြီးဖွင့်ပြီး နားထောင်နေပါလား...'

ကိုရန်ဆိုသည့်လူကြီး၏ ဖုန်းအားဆက်ကာ
မေးရဦးမည်။

"ဟယ်လို"

"ဟယ်လိုတွေ ဘာတွေလုပ်မနေနဲ့...
ခင်ဗျားကိုမေးစရာရှိတယ်...
အိမ်ပေါ်တက်ပြီး ကျွန်တော့်အခန်းကိုလာခဲ့..."

"ကလေး ဆယ်မိနစ်လောက်စောင့်ပါလား...
အန်တီခိုင်းထားတာ သွားနေလို့ ...."

"ဘာ..."

"..."

"ဘယ်အချိန်သွားလိုက်တာလဲ...
ကျွန်တော်အခုပဲ အိမ်ပေါ်တက်လာတာလေ...."

ရစ်စိန်လေး၏ ရစ်နေသောအသံများက
ချစ်စဖွယ်အတိပင်။ အရင်လိုပေကပ်ကပ်မဟုတ်တော့။ ခေါင်းရိုက်ခွဲခဲ့ပြီး နောက်ရက်များတွင် မိမိ
အပေါ်အနည်းငယ် ပြောင်းလဲလာလေတော့၏။

ယောကျာ်းလေးလိုဝတ်စားကြည့်ပြီး နေပါလား
ဟုပြောသည့်ရက်များတွင် ယောကျာ်းလေးပုံစံဝတ်ဆင်သည်။ အကြာကြီးတော့မဟုတ် ထိုနေ့တစ်ရက်တည်းသာ။
နေ့စဉ်တော့လည်းမပြောပါ။ အချိန်ပေးကာ ကလေး၏ပုံစံလေးများအား ပြောင်းလဲပေးရမည်မဟုတ်လား။

"ခင်ဗျား...ပြန်ပြောလေ...
ဘာလို့ အ သွားရတာလဲ..."

"အာ....ကိုယ်...."

"ကိုယ် တွေ ခေါင်းတွေလုပ်မနေနဲ့...
နုတ်နုတ်ဆင်းပစ်လိုက်မယ်နော်...သတိထားနေလိုက်...
ပြန်ရောက်ရင် အခန်းထဲသာတက်လာခဲ့
ပင်ပန်းတယ် တနေ့တနေ့ခင်ဗျားလို သက်ကြားအိုကြီးနဲ့ရန်ဖြစ်ရတာ....."

"ဘာ..."

"အရူးကြီး ဒါပဲ......"

ပြောချင်ရာပြောကာ ဖုန်းချပစ်လိုက်သည်။
သက်ကြားအိုဟုပြောသည်ကြောင့် ပေါက်ကွဲနေမည်မှာ ကျိန်းသေသည်။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now