အသက်ရှူနေသေးသည်ကိုသိသည်။ လူတွေစကားပြောနေသံလည်း ကြားနေရသည်။ ဘာဖြစ်ခဲ့တာလဲ။
မှတ်မိလိုက်သည်က အိပ်နေရင်း စိတ်တွေရှုတ်ထွေးလာသည်ကိုပင်။ တဖြေးဖြေးပြန်လည်ကာ စဥ်းစားကြည့်ပြီးနောက် အတွေးတို့ကိုပုံဖော်ကြည့်လိုက်သည်။ ဖန်ခွက်အား
ရိုက်ခွဲဲပြီး လည်ပင်းကိုလှီးခဲ့မိပြီပဲ။ဘာလို့များမသေခဲ့ရတာလဲ။ မောင့်လမင်းနဲ့တွေ့ချင်ပြီ။ ဘာမှမလိုချင် မဖြစ်ချင်တော့ မောင့်ကလေးအနားသာ အရောက်လှမ်းချင်မိပြီ။
ကြားနေရသည့်အသံများ။ ဘယ်နေရာများလဲ။"အဲ့ဒါကြောင့် ကိုရန်ပိုင်ကြီးကို မနက်က သားဖွားမီးယပ်ပါရဂူဆရာကြီးနဲ့ စကားပြောနေတာ တွေ့လိုက်တာကို...."
"အဲ့ဒါက မင်းမင်းရဲ့ဒုတိယမြောက်သားလေးကိုမွေးပေးခဲ့တဲ့ ဆရာကြီးလေ..."
"ကြားမိတယ် ဒေါက်တာရှင်မင်းက ပထမကိုယ်ဝန်ပျက်ကြဖူးတယ်ဆိုပြီးလေ...အဲ့တာတကယ်လားဟင်..."
"အမှန်ပဲလေ အဲ့ဒီအချိန်တုန်းက ရူးမလိုတောင်ဖြစ်သွားခဲ့တာ ငါ့သူငယ်ချင်းလေး..."
"သနားပါတယ်နော်..."
"အော်...ဒါနဲ့ ရဲရင့် မနေ့ကနင်ဘယ်သွားတာလဲ..."
သက်ပြင်းမောကိုချလျက် ခေါင်းခါပြလိုက်မိသည်။ တကယ်တော့ မလိမ်ချင်ပါ။ လိမ်မှရမည်မို့လဲ ခွင့်လွှတ်ပါ။
"ဘယ်မှမဟုတ်ပါဘူး...အချစ်ရှိရာ တဖြတ်ပေါ့...."
"ခေါ်လာခဲ့ဦး ချောရဲ့လား နင့်အချစ်က...."
ဖုန်းဆော့နေသည်က မပြတ်ပါပဲ ကျွန်တော့်အားပြောနေသည့် သူ့အား ခပ်ပါးပါးပြုံးလျက် ခေါင်းခါပြလိုက်ပါသည်။
"ကျွန်တော့်အချစ်က လူဝင်မဆံ့ဘူးဗျ..."
"ဟယ်..."
ဖြတ်ခနဲလှမ်းကြည့်သည့် ဖြိုးအား သွားသာဖြီးပြလိုက်သည်။
"ရဲရင့်...ငါဘယ်ရောက်နေတာလဲ...ဘာမှလဲမမြင်ရဘူး..."
အသံသာကြားရပြီး အမှောင်ထုကြီးက ကြီးစိုးနေသေးသည်။ တစ်ခုခုဖြင့် စည်းနှောင်ခံထားရသည်ကိုလည်း
ခံစားမိနေ၏။ လည်ပင်းမှ ဒဏ်ရာအား သိုင်းကာ စည်းထားသည်ဟုထင်သော်လည်း မျက်ဝန်းကိုပါစည်းထားသည်က မဟုတ်သေးပေ။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."