ဂေဟာမှအိမ်ပြန်လာသည့်လမ်းတွင် တစ်လမ်းလုံးစဉ်းစားရသည်။ ဘာလုပ်သင့်လဲဟူသည်မှ အစချီကာ မောင့်ကို မှတ်မိသွားခြင်းကိုလည်း သူ့အား မသိစေချင်။ သူ့အား ရှာနေသူကို ဘာကြောင့်မပြောပဲထားသည်လဲ။
'မုန်းချစ်စရာကြီး...'
ကားမှန်ထဲသို့ကြည့်မိရာ မြင်လိုက်ရသည့် ကာခြယ်အပြည့်ဖြင့် မျက်ဝန်းတစ်စုံနှင့်
ဆံမြိတ်ချထားသည့် ဆံနွယ်လေးများ။
ကိုယ်တိုင်နှစ်သက်သော်ငြား မောင် မနှစ်သက်ပေ။
အမြဲတစေ ယောကျာ်းလေးလိုဝတ်စားစေချင်ခဲ့၏။ကာလာစုံလိမ်းချယ်ထားခြင်းမရှိသော ညအိပ်ဝတ်စုံနှင့် ထုံးချီထားသည့် ဆံနွယ်များနှင့်ဆိုပါက မောင်ကအမြဲတစေငေးမောနေတတ်၏။ ကြင်နာမှု၊မြတ်နိုးမှုအပြည့် ယုယထွေးပွေ့ချင်နေသောမျက်ဝန်းနက်နက်တစ်စုံအား လျစ်လျူရှု့ခဲ့ဖူး၏။
မောင်မှမဟုတ်တာ ချစ်စရာလားဟု မိမိကိုယ်ကိုအမြဲတစေဆုံးမခဲ့ရ၏။အလှပြင်ထားသည့်အခါ လှလားဟုမေးပါလျှင် တစ်ချက်သာကြည့်လို့ ခေါင်းသာငြိမ့်ပြတတ်၏။ hoodie ကားကားကြီးနှင့်ဘောင်းဘီအတို၊ ရှူးဖိနပ်စီးပြီး အပြင်ထွက်လျှင် ဆူပုတ်ထားသည့် မျက်နှာကိုပင် ချစ်ဖို့ကောင်းသည်ဟုပြောတတ်သည်မဟုတ်လား။
ဘာမှမလိမ်းကျန်ထားသည့် မျက်နှာပြောင်ကိုပင် ခုနစ်ဆောင်တိုက်ထဲ မီးမထွန်းပဲတောင်လှနေသည့် ပပဝတီမြင်နေရသည့်အလား။ စာလုပ်ရင်းပင် ခိုးခိုးကြည့်နေတတ်သည်ကလည်း မလွဲပေ။ ကိုယ့်မှာတော့
မယ်ကုဝဏ်ကြီးနှင့် တူနေပြီဟုထင်မိခဲ့သည်။'ကိုယ်ဟာသူ့အတွက် ရှူမငြီးတဲ့
မောင့်ဇနီးလေးဖြစ်နေခဲ့ပြီထင်ပါရဲ့...'ဂေဟာမှအိမ်ရောက်သည်နှင့် မာမီ့အား အပြေးအလွှားရှာရသည်။
ညနေ၅နာရီခွဲနေပြီဖြစ်သည်ကြောင့် အိမ်ပြန်ရောက်လောက်ပြီထင်၏။"မာမီ....."
အခန်းထဲတွင် စကားပြောသံ ရယ်သံများကြားနေရသည်ကြောင့် တံခါးဆွဲဖွင့်ကြည့်လိုက်ရာ မာမီ့အား ဖက်နမ်းနေသည့် ဒယ်ဒီ။
"အာယား...sorry sorry...ဒါပေမယ့် ဝင်လာပြီ ဟီး......"
"အရှုပ်လေး..."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."