"ကျေးဇူးတင်ပါတယ် ဆရာကြီးတို့ရယ်....
ကျွန်တော့်သမက်ရဲ့အသက်ကို ကြိုးစားပန်းစားကယ်တင်ပေးကြတာ ပင်ပန်းသွားကြပြီ......"အားလုံးအားလက်ဆွဲနှုတ်ဆက်ကာ ကျေးဇူးတင်ကြောင်း
ပြောနေသည့် လမင်း၏Daddyမှာလည်း ခန့်ညားမှုကလျော့မသွားပေသည့်တိုင် ဝမ်းနည်းမှုတို့ကမျက်နှာပေါ်တွင် စွန်းထင်းလျက်သား။ ဒီသမက်အပေါ်မည်မျှ ဂုဏ်ယူကာပြောဆိုတတ်သည်ကို လူတိုင်းသိသူမို့ မည်မျှဝမ်းနည်းနေမည်ကိုလည်းသိကြသည်။ ကိုယ်ချင်းလည်းစာကြသည်။
သူတို့၏မိသားစုအဖြစ်ကို သနားလဲသနားနေကြသည်။ လမင်း ဒယ်ဒီ၏လက်အောက်မှာ အလုပ်ဝင်လုပ်နေသည့် ဆရာဝန်များသည် ရာထူးဂုဏ်ဒြပ်များကြီးမားသော်ငြား ဆေးရုံအုပ်ဆိုသည့်ရာထူးနှင့် ခွဲစိတ်ကျွမ်းကျင် ပါရဂူကြီးတစ်ဦးဖြစ်သည်ကြောင့်ပါ လမင်းဒယ်ဒီအား လေးစားကြမြဲ။"ဒါနဲ့ ဆေးရုံအုပ်ကြီးခင်ဗျ... ဒေါက်တာချစ်ရန်မောင်ကိုထိန်းကျောင်းဖို့လိုမယ်ဗျ.... မောဖိန်းဓာတ်တွေ သွေးကြောထဲမှာအရမ်းများနေတဲ့အချိန် စိတ်ဇဝေဇဝါဖြစ်ပြီး အခုလို
ကိုယ့်ကိုကိုယ်သတ်သေတဲ့အထိဖြစ်လာရတယ်ဆိုတော့လေ...ဒါကသူလည်လှီးတဲ့အချိန် ချက်ကောင်းနေရာမဟုတ်တာရယ်...လက်တွေကတုန်နေတာရယ်... ဝမ်းနည်းပြီးဇဝေဇဝါတွေဖြစ်နေခဲ့တာရော ဒါတွေကြောင့် သေကံလွဲခဲ့ပေမယ့်...ဒီလိုပြသနာထပ်မဖြစ်ဘူးဆိုတာ အာမမခံနိုင်ဘူး....
ဒေါက်တာချစ်ရန်မောင် က စိတ်ရောဂါပါရဂူနဲ့ကုသနေရတယ်မဟုတ်လား......ဟိုရက်ပိုင်းကလဲ....""ဗျာ....."
မျက်မှောင်တွန့်ချိုးကာ စဥ်းစားသွားရသည့် အန်ကယ်လ်အား ဖြိုး တစ်ယောက်ရှင်းပြလိုက်ရတော့သည်။
"စိတ်ဂနာမငြိမ်ဖြစ်ပြီး အရက်ကြောင်ကြောင်တာပါ....
ဒါကြောင့်မို့ ဖြိုးနဲ့ရဲရင့်က ကိုရန့်အတွက် စိတ်ရောဂါကုဆရာကြီးကိုပင့်ပြီး ကုပေးရတာပါ......"အိပ်ပျော်နေသည့် ကိုရန့် နဖူးပြင်လေးပေါ်မှ ဆံနွယ်များအား သပ်တင်ပေးကာ လမင်း၏ဒယ်ဒီငိုသည်။
"ငါ့သားတွေကျမှကွာ...ဘာလို့ ဒီလိုတွေဖြစ်ရတာလဲ...."
အခန်းတံခါးဝုန်းခနဲပွင့်သံနှင့်အတူ ဖိနပ်ရယ်ကမပါ ဆံပင်ကလည်းကပိုကယို ဖွာလန်ကျဲနှင့် ဆေးရုံအုပ်ကတော်၊
နိုင်ငံခြားဖြစ် Brands အကျီများအား Export / Inport
Companyများနှင့် မြန်မာပြည်၏ နာမည်ကြီး လူကြိုက်များသော အကျီတံဆိပ်ထုတ်လုပ်သူ သူဋ္ဌေးမကြီး Mrs.Belle ဆိုသည့် ဂုဏ်ဒြပ်များသည်က ရှိမနေတော့ချေ။ ယခုပုံစံအား Mrs.Belleပါဟုခေါ်ပြလျှင် စနောက်နေသည်ဟု ထင်ကြလိမ့်မည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."