➡️Unicode
"Companyက ဒီပြသနာကို *ပြိုကွဲသွားသော မြို့တော်* ရဲ့ producerတွေနဲ့ဆွေးနွေးပြီးဖြေရှင်းပြီးသွားပြီ .ဒါပေမယ့် ဒဏ်ငွေကို မင်းရမယ့်သရုပ်ဆောင်ကြေးထဲက ဖြတ်ယူရလိမ့်မယ်"
ထန်းရင်းက သူ့စကားကိုဆက်မပြောခင်တစ်ခဏလောက် အလိုမကျစွာ ရပ်တန့်သွားတယ်
"ဇာတ်ညွှန်းက တော်တော်ကြီးကိုဆိုးရွားနေတာပဲ မင်းဘာဖြစ်လို့ ဒီနေရာကိုလက်ခံလိုက်တာလဲ"
ရှီရှန်းကစိတ်မပါစွာနဲ့ပြောလိုက်တယ်
"မီလန် စီစဥ်လိုက်တာလေ ငါ့လိုနောက်ဆုံးအဆင့်သရုပ်ဆောင်ပေါက်စလေး တစ်ယောက်က ရွှေအဆင့်အေးဂျင့်တစ်ယောက်ရဲ့အစီအစဥ်ကိုသဘောမတူဘဲနေရဲပါ့မလား"
သူမပြောတဲ့ စကားကိုကြားပြီးတဲ့နောက်မှာ သူ့ဆီယုံယုံကြည်ကြည် အလုပ်လာအပ်တဲ့ ဒီမင်းသမီးအကြောင်းကို ပိုလို့တောင်သိချင်လာရတယ်. ကျန့်၀မ်ရဲ့ကိစ္စတွေကို တာ၀န်စယူခဲ့ရတဲ့အချိန်ကစပြီးတော့ companyကသူ့အတွက် သီးသန့်ရုံးခန်းတစ်ခုနဲ့ အခွင့်ရေးကောင်းတွေ အဆက်အသွယ်ကောင်းတွေကိုပါ ပေးခဲ့တယ်.
သူ့လိုမျိုးအေးဂျင့်ပေါက်စတစ်ယောက် အတွက် ဒီလိုအခွင့်အရေးကောင်းတွေရဖို့ဆိုတာက အတော်ကိုရှားပါးတဲ့ကိစ္စတစ်ရပ် ဖြစ်တယ်.ထန်းရင်းကသူ့ကိုယ်သူ ကိစ္စကြီးကြီးမားမားတစ်ခုနဲ့ ပတ်သတ်နေရသလိုခံစားနေရတယ်.
ဒါပေမယ့် သူက အဲ့ဒီထူးဆန်းတဲ့ခံစားချက်ကြီးကို ဖိနှိပ်ပြီးတော့ ရှီရှန်းအတွက် ဇာတ်ညွှန်းအသစ်၃ခု လှမ်းပေးလိုက်တယ်
"ဒါတွေက မင်းအတွက်ငါရွေးပေးထားတဲ့ဇာတ်ညွှန်းအသစ်တွေပဲ"
ရှီရှန်းက ဇာတ်ညွှန်း၃ခုကို လှမ်းကြည့်ရုံပဲကြည့်လိုက်ပြီး တစ်ခုကိုရွေးလိုက်တယ်
"ဒီတစ်ခု"
ထန်းရင်းက ရှီရှန်းရဲ့ရွေးချယ်မှုကိုမကန့်ကွက်ဘူး. ဇာတ်ညွှန်း၃ခုလုံးက သူသေသေချာချာရွေး ပေးထားတာတွေမို့လို့ အဲ့ဒီထဲက ဘယ်တစ်ခုကိုပဲ သူမရွေးပါစေ အရမ်းကြီးဆိုးရွားနေမှာမဟုတ်ဘူး

VOUS LISEZ
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...