➡️Unicode
သူတို့ကုမ္ပဏီကနေထွက်လာခဲ့ကြတယ် ရှီရှန်းကဘာမှမပြောဘဲ သူတို့ကိုကားဆီကိုသာခေါ်လာခဲ့ပြီး လုချင်ယွင်ကကားမောင်းတယ.
ကျန်းကျိန်ကျိန်ရဲ့အကြည့်တွေက လုချင်းယွင်ဆီကနေကိုမခွာနိုင်ဘူး.
လိုင်းပေါ်မှာတွေ့တဲ့ ဓာတ်ပုံတွေက အရမ်း၀ါးနေလို့ သူမသေချာမမြင်ရခဲ့ဘူး.အဲ့ဒီဓာတ်ပုံတွေထဲမှာပါတဲ့ သူကခန့်ညားတဲ့ယောကျ်ားတစ်ယောက်မယ်လို့ ခန့်မှန်းမိပေမဲ့ ကျန်းဝမ်ပါနေလို့ သူမကအမြဲတမ်းလျစ်လျူရှုခဲ့တယ်
.ဒါပေမဲ့အခုတော့ သူမသူ့ကိုအပြင်မှာမြင်ဖူးပြီသူကတစ်ကယ်ကိုခန့ညားလွန်းတယ်.
[စနှိုက်ကျော်ဖို့ စိတ်ကူးရဲကူးကြည့်🔪]ကျန်းယွမ်နဲ့သူ့ရဲ့ဇနီးက ကားရဲ့နောက်ခုံမှာထိုင်ပြီးတော့အကြည့်တွေဖလှယ်နေကြတယ်
နောက်ဆုံးမှာတော့မစ္စဝူ ကစပြီးတော့လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကိုစကားပြောတဲ့လေသံနဲ့ ပြောလိုက်တယ်
"ရှောင်ဝမ်, မင်းအခုတလောစီးပွားရေးလုပ်နေတာဆို .....ဘာလို့အိမ်ကိုတောင်ဖုန်းမဆက်တာလဲ
မင်းဦးလေးနဲ့ငါတို့ကမင်းကိုကူညီပေးနိုင်တာပဲလေ""ကျွန်မ မစ္စဝူကိုဒုက္ခမပေးချင်ပါဘူး"
ရှီရှန်းကစက်ဆုပ်ပြီးလှောင်ပြောင်တဲ့အသံနဲ့ပြောလိုက်တယ်
"မိုက်မဲလိုက်တဲ့ကလေး,မင်းငါ့ကိုဘာလို့အန်တီလို့မခေါ်တော့တာလဲ, ပြီးတော့အိမ်ကိုဖုန်းဆက်တာက ဒုက္ခပေးရာဘယ်လိုလုပ်ရောက်မှာလဲ...အရင်တုန်းက မင်းမိဘတွေဆုံးပါးသွားတုန်းက ငါတို့ကပဲ မင်းကိုစောင့်ရှောက်ခဲ့ရတာမဟုတ်ဘူးလား.အခုတော့မင်းက ငါ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေပြီလား"
မစ္စဝူရဲ့အသံကကျန်းဝမ်ကို အရင်ကတကယ်ဘဲဂရုစိုက်ခဲ့တဲ့ပုံစံနဲ့ ဝမ်းနည်းနေပုံဖြစ်နေတယ်
.ဒါပေမဲ့ သူမရဲ့ဒေါသကြီးတဲ့ မျက်လုံးတွေကသူမကိုသစ္စာဖောက်ပြီး စိတ်ထားအမှန်ကိုဖော်ပြနေတယ်"မစ္စဝူ.မဟုတ်သေးပါဘူး.ကျွန်မမိဘတွေရဲ့အသက်အာမခံငွေတွေကို ရှင်တို့ပဲအပိုင်သိမ်းသွားတာမဟုတ်ဘူးလား, စုစုပေါင်း၂သန်းလောက်နီးပါးရှိမယ် ထင်တယ်...ဟုတ်တယ်မလား, အဲဒီငွေတွေကိုအဲဒီအတောအတွင်း ကျွန်မကိုစောင့်ရှောက်ပေးတဲ့အဖိုးအခအနေနဲ့ ပေးပြီးသွားပြီလေ"

YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...