➡️Unicode
"ဥက္ကဋ္ဌ ရှီ,ကျွန်တော်တို့စုံစမ်းထားတာအရ ရှမန်က ထန်းရင်းနဲ့ကျန်းဝန်တို့နဲ့အတူ ပေါင်းပြီးကုမ္ပဏီထောင်ဖို့လုပ်နေတယ်လို့ သိရပါတယ်"
ရှီမိုရဲ့လက်ထောက်က စုံစမ်းလို့ရသမျှကို ရှီမိုဆီပြန်ပြီးအကြောင်းတင်တယ်
"ကုမ္ပဏီ...."
ရှီမိုရဲ့မျက်လုံးမှာအေးစက်နေတဲ့ အကြည့်တစ်ချက် ဖြတ်ပြေးသွားတယ်
"ရင်းနှီးငွေကဘယ်ကနေရတာလဲ"
"ရှမန်ရဲ့အမေကသူမအတွက် အမွေအဖြစ်ထားခဲ့တာတွေကို သုံးထားတာထင်တယ်......"
"အော်..သူမကသတ္တိရှိသားပဲ"
~ဒီရက်ပိုင်းအတွင်းမှာ သူမကအရင်လို တုံးအနေတုန်းပဲ မစဥ်းစားမဆင်ခြင်တတ်တဲ့မိန်းကလေးတစ်ယောက် ဖြစ်နေတုန်းပါပဲလား ကုမ္ပဏီတစ်ခုထောင်ရတာ အဲလောက်လွယ်တယ်များထင်နေလား~
"ငါသူမကုမ္ပဏီထောင်တာမမြင်ချင်ဘူး။နားလည်လား"
ရှီမို ကရှမန်အားကိုးရမယ့်လူက သူတစ်ယောက်ပဲဖြစ်ချင်တယ်။
လက်ထောက်ရဲ့မျက်နှာက အေးစက်ပြီးမလုံမလဲ ဖြစ်သွားတယ်
"ဥက္ကဋ္ဌ ရှီ,မိန်းကလေးရှရဲ့ ကုမ္ပဏီကမြို့တော်မှ တော်တော်အောင်မြင်နေပြီ။"
ရှီမိုကသူ့ရဲ့လက်ထောက်ကို အေးစက်စွာကြည့်လိုက်တယ်
သူ့ရဲ့အကြည့်ကြောင့် သူ့လက်ထောက်ကမျက်နှာတစ်ခုလုံး ချွေးတွေပြန်လာပြီးကြောက်ရွံနေတယ်
ရှမန်ကကုမ္ပဏီကို မြို့တော်မှာဖွင့်လိမ့်မယ်လို့ သူမထင်ထားဘူး။ရှီမိသားစုက ချင်မြို့မှာအင်အားကြီးတယ်ဆိုပေမဲ့ မြို့တော်ရဲ့အင်အားကြီး companyတွေကိုတော့ယမယှဥ်နိုင်ဘူး။မြို့တော်မှာက အင်အားကြီးပြီးအာဏာရှိတဲ့သူတွေပဲ နေကြတယ်။အဲ့နေရာက အင်အားမရှိတဲ့လူတိုင်းကို အမှုန့်ချေပစ်နိုင်တယ်။
"သူမမှာဘယ်လောက်တောင် သတ္တိရှိနေလို့မြို့တော်မှာ သွားဖွင့်ရဲရတာလဲ။ကြည့်ရတာငါတောင် ဘာမှမလုပ်ရသေးခင် သူငါ့ဆီဒူးထောက်ပြီး ပြန်ရောက်လာမယ်ထင်တယ်။"
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...