➡️Unicode
ရှီရှန်းရဲ့မျက်နှာပေါ်မှာမျက်ရည်တွေရှိနေတုန်းပဲ.သူမရဲ့မျက်လုံးတွေကလည်း ငိုထားတဲ့အတွက်နီရဲနေပေမယ့် သန်မာချင်ယောင်ဆောင်ဖို့အတွက် သူမရဲ့နှုတ်ခမ်းတွေကိုကိုက်ထားရရှာတယ်
ဒါပေမယ့်သူမရဲ့မျက်နှာလေးကတော့ သနားစဖွယ်ဖြစ်နေတယ်"အန်တီ ဒီနှစ်တွေထဲမှာ သမီးကိုဂရုစိုက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ် သမီးတို့၂ယောက်လုံးကမိန်းကလေးတွေဖြစ်လို့ သမီးဘယ်လိုခံစားရတယ်ဆိုတာအန်တီနားလည်မှာပါ"
ဒီစကားက နန်ကုန်းသခင်မကြီးရဲ့အားနည်းချက်ကိုတိုက်ရိုက်ထိသွားစေတယ်
နန်ကုန်းကျန်းက ရွှီချန်ယွဲ့ရဲ့အဖေလိုမျိုးသစ္စာရှိတဲ့ဖခင်ကောင်း ခင်ပွန်းကောင်းတစ်ယောက်မဟုတ်ဖူး.သူ့မှာ အငယ်နှောင်းတွေအများကြီးရှိတယ်.
နန်ကုန်းကျန်းကအဲ့ဒီမိန်းမတွေထဲကတစ်ယောက်ကိုမှကလေးမယူခိုင်းသလိုသူ့ရဲ့တရား၀င်ဇနီးနေရာကိုလည်းမထိခိုက်စေတဲ့အတွက်ကြောင့်သာ သူမမသိချင်ယောင်ဆောင်နေနိုင်ခြင်းဖြစ်တယ်ဒီလိုကိစ္စက လူကုံထံမိသားစုတို့ရဲ့ဖြစ်လေ့ဖြစ်ထကိစ္စမျိုးပါပဲ
ရှီရှန်းရဲ့ဒီစကားက နန်ကုန်းသခင်မကြီးရဲ့နှလုံးသားကိုအတော်အသင့်ပျော့ပြောင်းသွားစေခဲ့ပြီး ရွှီချန်ယွဲ့လိုနှစ်သက်ဖွယ်ကောင်းတဲ့မိန်းမငယ်လေးက သူမလိုဘ၀ကြီးမျိုးမှာ နေထိုင်ရဖို့မထိုက်တန်ဘူးဆိုတဲ့ခံစားချက်ကြောင့် သူမဘာမှဆက်မပြောနိုင်ခဲ့ဘူး
"ဒီကိစ္စကိုသမီးတကယ်ဆုံးဖြတ်ပြီးပြီလား" သူမရဲ့အဖေက ရှီရှန်းကို နောက်တစ်ကြိမ်ထပ်မေးလိုက်တယ်
ရှီရှန်းကခေါင်းငြိမ့်ပြီးပြောလိုက်တယ် "သမီးတကယ်ဆုံးဖြတ်ပြီးပြီဖေဖေ"
ရှီရှန်းကနန်ကုန်းကျင်းကိုကြည့်လိုက်တယ်
နန်ကုန်းကျင်းက ရှီရှန်းရဲ့မျက်လုံးတွေကိုကြည့်လိုက်တဲ့အခါမှာ အနည်းငယ်မလုံမလဲဖြစ်သွားရတယ်ရှီရှန်းရဲ့မျက်လုံးတွေမှာမျက်ရည်တွေ၀ဲနေသေးတယ်ဆိုပေမယ့် သေချာကြည့်မယ်ဆိုရင် သူမရဲ့ မျက်၀န်းတွေထဲမှာ အံ့သြဖွယ်အရှိန်အ၀ါတစ်ခုရှိနေတယ်ဆိုတာကို သူခံစားမိနေတယ်
![](https://img.wattpad.com/cover/249877664-288-k879238.jpg)
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...