➡️Unicode
ရှီရှန်းနဲ့သူ့ရဲ့လက်ထောက် ထွက်သွားပြီးကတည်းက ဥက္ကဌကပြသာနာတွေ အများကြီးကြုံလိုက်တာကို လူတိုင်းသိကြတယ်။
ဘာတွေဖြစ်ခဲ့ကြတယ်ဆိုတာကို ဘယ်သူမှအသေးစိတ် မသိပေမဲ့ သူတို့သိတာဆိုလို့ထန်းရင်းcompanyနဲ့ ပြန်ညှိနှိုင်းတာတောင်ရှီရှန်းနဲ့စာချုပ် ဖျက်သိမ်းလိုက်ပြီဆိုတာကိုပဲ။
ရှီရှန်းကဘေးထိုင်ခုံမှာထိုင်တုန်း ရှမန်ကကားမောင်းတယ်။ ထန်းရင်းကတော့ အနောက်ဘက်ထိုင်ခုံမှာ ထိုင်နေတယ်။ ရှီမိုရဲ့CEOရုံးခန်းက ထွက်လာကတည်းကနေအခုထိ ဘာစကားတစ်ခွန်းမှမပြောသေးဘူး .
သူ့သရုပ်ဆောင်နဲ့ရှမန်ကတစ်ဖက် ရှီမိုကတစ်ဖက် ဖြစ်နေတာကိုသာ နားမလည်နိုင်ဖြစ်နေတယ်။ အခုတော့ ကျန်း၀မ်ရဲ့စာ
ချုပ်ကဖျက်သိမ်းခံလိုက်ရုံသာမကဘူး.သူပါcompanyကနေနှင်ထုတ်ခံလိုက်ရတယ်
"ကျွန်မ companyအသစ်ရဲ့လိပ်စာကိုယူလာပြီးပြီ။ရန်ပုံငွေလည်း အဆင်သင့်ဖြစ်နေပြီ"
ရှီရှန်းက ထန်းရင်းရဲ့အတွေးတွေကိုလျစ်လျူရှုပြီးတော့ သူမရဲ့မှတ်စုစာအုပ်မှာသာစာလုံးတွေရေးနေတယ်
"ငါတို့အခုလိုတာဆိုလို့သရုပ်ဆောင်တွေပဲ"
"အင်း..ဒီအတွက်ငါတို့ထက်မြက်တဲ့သရုပ်ဆောင်တွေကိုရွေးချယ်ရမယ်"
ရှမန်ကဝင်ပြောလိုက်တယ်ရှမန်က သူမအမေဆီကနေ ရလာတဲ့ထက်မြက်မှုတွေနဲ့ ရှီရှန်းကိုကူညီပေးနေတယ်.ဒါ့အပြင် ရှမန်က သူမဆီမှာ ရှိနေတဲ့ ငွေတွေကိုပါ ရှီရှန်းကို ချေးပေးထားတယ်
ရန်ပုံငွေတွေရယ် အပိုငွေတွေရယ် ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်းဒေါ်လာသန်း၅၀လောက်တော့ရှိတယ်
မှန်ပါတယ် သူမတို့ဆီမှာ ရှိနေတာကစုစုပေါင်းဒေါ်လာသန်း၅၀ပါ ဒေါ်လာ၅သန်းမဟုတ်ပါဘူး
ရှမန်က သူမကျန်းဝမ်ကို ယုံကြည်တာ မှန်ရဲ့လားဆိုတာကိုတောင် မဆုံးဖြတ်နိုင်သေးဘူး
သူမကစကားပြောမတတ်ပေမယ့်အလုပ်လုပ်တာတော့တိကျပါတယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...