Arc-1.19

3.4K 514 3
                                    

➡️Unicode

**Warning :There may be something disturbing descriptions in the chapter below.

**တစ်နှစ်ဆိုတာက ကြာရှည်တဲ့အချိန်မဟုတ်သလို တို​တောင်းတဲ့အချိန်လည်းမဟုတ်ပါဘူးCompanyကိုပြန်လည်ထူ​ထောင်​နေတဲ့ လင်းသခင်မကြီးရဲ့အကိုကြီးဆုံးဆီမှာသွား​နေကြရတဲ့အချိန်မှာ လင်း​ဟောက်က​တော့ ကိုယ့်ဖာသာတစ်​ယောက်ထဲရုန်းကန် ​နေရတယ်.လင်း​ဟောက် ​ပေါက်ကွဲမှု​ကြောင့် ​​ခြေထောက်တစ်ဖက်ထိခိုက်သွားခဲ့ရတယ်

အပြည့်အ၀ပြန်လည်​ကောင်းမွန်လာ​အောင် ကုသဖို့ ​ဆေးကုစရိတ်မတတ်နိုင်တဲ့အတွက်​ကြောင့် လမ်းသိပ်မ​လျှောက်နိုင်​တော့ဘူး.အစတုန်းက စုရီရီကိုသူရှာ​သေး​ပေမယ့် နန်ကုန်းကျင်းက လုံး၀​တွေ့ခွင့်မ​ပေးခဲ့ဘူးလက်ကျန်​ငွေ​​တွေလျော့နည်းလာတာနဲ့အမျှသူ့ရဲ့ဘ၀က အရင်တုန်းကလို ချမ်းသာတဲ့သခင်ငယ်​လေးတစ်​ယောက်မဟုတ်​တော့ဘူးဆိုတာကို နားလည်လာပြီး စုရီရီကို​တွေ့ဖို့ကိစ္စကိုလည်းလက်​လျှော့လိုက်တယ်​.

နောက်ဆုံးမှာ​တော့လင်း​ဟောက်က လူမသိသူမသိ​ပျောက်ကွယ်သွားရတယ်.နန်ကုန်းကျင်းနဲ့ သူ့ရဲ့အ​ဖေတူအ​မေကွဲကြားက တိုက်ပွဲကလည်းအထွဋ်ထိပ်ကို​ရောက်လာခဲ့တယ်.မူလဇာတ်​ကြောင်းမှာတုန်းက သူ​ရောက်လာတဲ့အချိန်မှာ companyက နန်ကုန်းကျင်းရဲ့လက်ထဲကိုအပြည့်အ၀​ကျ​ရောက်​နေပြီဖြစ်လို့ သူ့မှာရှိတဲ့အရည်အချင်းတချို့ကလည်း  လုပ်ငန်းခွဲတစ်ခုရဲ့မန်​နေဂျာငယ်​လေးအဖြစ်သာအဆုံးသတ်ခဲ့ရပြီး နန်ကုန်းကျင်းရဲ့ "စနစ်တကျ ဂရုစိုက်​စောင့်​ရှောက်မှု"​အောက်မှာ ​နေထိုင်ခဲ့ရတယ်.

ဒါ​ပေမယ့် ဒီတစ်ကြိမ်မှာ​တော့ သူက နန်ကုန်းကျင်းဆီမှာအာဏာအများကြီးမရှိခင်မှာ​ပေါ်လာခဲ့ပြီး ​နောက်ဆုံး​အောင်နိုင်သူဖြစ်လာခဲ့တယ်.

အခုအ​ခြေအ​နေနဲ့မူလဇာတ်​ကြောင်း က လုံး၀ကိုကွာဟသွားရတယ်.မူလဇာတ်​ကြောင်းမှာထက်သူ စော​စော​ပေါ်လာခဲ့ရတာက​သေချာ​ပေါက် ရှီရှန်း​ကြောင့်ပါပဲ.Companyမှာ သူ့အတွက်​ထောက်ခံသူ​တွေရှိ​နေတယ်ဆိုတာကလည်း ရှီရှန်းရဲ့အမည်မသိ ​ထောက်ပံ့မှု​ကြောင့်ဖြစ်တယ်.

Final Boss Is No JokeWhere stories live. Discover now