Unicode
သူမရဲ့မျက်လုံးတွေကိုဖွင့်ပြီးပြီးချင်း မှာပဲ ပတ်ပတ်လည်မှာ တောက်လောင်နေတဲ့အဆုံးမရှိတဲ့မီးပင်လယ်ကြီးကိုတွေ့လိုက်ရတယ်
မီးရဲ့အပူရှိန်ကြောင့် အသားတွေဟာပူစပ်နေပြီးတော့ အာခေါင်တစ်ခုလုံးကလည်းခြောက်သွေ့လို့နေတယ်
သူမရဲ့ဆံနွယ်တွေဟာလည်းမီးကျွမ်းကုန်ကြပြီ
သူမ၀တ်ထားတဲ့အ၀တ်အစားတွေက မီးမလောင်နိုင်တဲ့ အရာတစ်ခုခုနဲ့ဖန်တီးချုပ်လုပ်ထားတာကြောင့် မပျက်စီးနိုင်ပေမယ့် ၀တ်ဆင်ထားသူကိုတော့ အပူဒဏ်က ကာကွယ်မပေးနိုင်ဘူး"ဖာ့ခ်!!!!တကယ့်ကိုအချိန်ကောင်းအခါကောင်းမှာ မှရောက်လာရတယ်လို့ systemရေ နင်ငါ့ကိုရောက်ရောက်ချင်း မီးလောင်ပြီးသေစေချင်နေတာလား "
ဘေးပတ်ပတ်လည်မှာ သက်ရှိတစ်ခုခုများရှိနေမလားလို့ ပတ်ကြည့်လိုက်ပေမယ့် အလျှံတညီးညီးတောက်လောင်နေတဲ့ မီးတောက်နီနီရဲရဲတွေကိုသာ မြင်ရတယ်
သူတို့ကအဆုံးမရှိဘဲ မြေပြင်ပေါ်မှာရှိနေသမျှအရာအားလုံးကို ဒေါသတကြီး၀ါးမြိုဖျက်စီးနေကြတယ်
မီးတောက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အပူလှိုင်းတွေက ရှီရှန်းရဲ့မျက်နှာကို ရိုက်ခတ်နေတယ်
ရှီရှန်းသာ ဒီထက်နောက်ကျပြီးမှရောက်မလာဘူးဆိုရင် မူလခန္ဓာကိုယ်က မီးကျွမ်းသွားနိုင်တယ်
မီးရဲ့အပူရှိန်ကြောင့်သူမရဲ့အသားတွေ တကျွတ်ကျွတ်မြည်နေတဲ့အသံကိုတောင် ကြားနေရသလိုပဲဒီအခြေအနေမှာသာ စားပွဲတစ်လုံးရှိနေမယ်ဆိုရင် ရှီရှန်းက အဲ့ဒါကို မှောက်လှန်ပစ်မိလိုက်လိမ့်မယ်
' ဒါကဘယ်လိုနေရာမျိုးကြီးလဲ !!!!system !!ထွက်ခဲ့စမ်း နင်နဲ့ငါ နည်းနည်းပါးပါးဆွေးနွေးကြရအောင် '
"ဂိုဏ်းတူဒေါ်လေး!!ဂိုဏ်းတူဒေါ်လေး!! ထပါအုံး ကျေးဇူးပြုပြီး ထပါအုံး..... !! "
ဘယ်ကလာမှန်းမသိတဲ့အသံတစ်သံက မီးလောင်ပြင်ကြီးမှာ ပဲ့တင်ထပ်နေတယ်

ESTÁS LEYENDO
Final Boss Is No Joke
Fantasíaသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...