➡️Unicode
လွန်ခဲ့တဲ့နှစ်တွေထဲမှာ companyကိစ္စနဲ့ပဲအလုပ်ရှုပ်နေခဲ့ရတဲ့အတွက် ကျောင်းကိုသိပ်မသွားဖြစ်ခဲ့ဘူး .အဲ့ဒါကြောင့် ကျန်တဲ့အခန်းဖော်နှစ်ယောက် ဘာတွေဖြစ်နေလဲဆိုတာလဲ မသိရတော့ဘူး
နောက်ဆုံးအကြိမ်အဆောင်ကိုပစ္စည်းတွေသွားသိမ်းခဲ့တုန်းက အားနန်ကတစ်ခြားတစ်ယောက်နဲ့ဖုန်းပြောနေတယ်ဆိုတာကိုပဲယမှတ်မိတယ် အဲ့ဒီအချိန်တုန်းက အားနန်ရဲ့အ၀တ်အစားတွေက အရည်အသွေးနဲနဲမြင့်လာခဲ့သလို သူမပြောဆိုတဲ့စကားတွေကလည်း အဆင့်အတန်းမြင့်လာခဲ့တယ်.
အားနန်က သူ့လူရဲ့လက်ကိုချိတ်ထားရင်းနဲ့. ရှီရှန်းကို အသံတိတ်စစ်ကြေညာနေတယ်
"မမလေးရွှီဘယ်အချိန်မှာများအားလပ်ချိန်ရမလဲ ကျွန်တော် နေ့လယ်စာဖိတ်ကျွေးချင်လို့ပါ "
"သခင်လေး...."
အားနန်က သဘောမကျတဲ့လေသံနဲ့ပြောလိုက်တယ်သူ သူမကိုပြန်ကြိုက်လာဖို့အတွက် အများကြီးကြိုးစားခဲ့ရတာကို ခုထိသူက ရွှီချန်ယွဲ့ကိုvနေ့လယ်စာဖိတ်ကျွေးချင်နေသေးတာလား
"ရွှီချန်ယွဲ့......ငါက သခင်လေးက ချစ်သူပဲ နင်သူများကောင်လေးကို ဘာကိစ္စလာလုချင်နေတာလဲ..."
~ဒီကလေးမ ခေါင်းထဲမှာအပေါက်များဖြစ်နေသလားပဲ~
ရှီရှန်းက အေးစက်စက်သာပြန်ကြည့်လိုက်တယ်"စာချုပ်မှာ လက်မှတ်ထိုးပြီးမှ ဒီကိစ္စကို စီစဥ်ကြတာပေါ့ "
သခင်လေးက သူ့ရည်းစားရဲ့စကားတွေနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ၀င်မပြောခဲ့ဘူး Porscheတစ်စီးရောက်လာတဲ့အခါမှာ ရှီရှန်းက ကားပေါ်တက်သွားတ.ယ်ဒီကိစ္စတွေအကုန်လုံးက တစ်ခနလေးအတွင်းမှာဖြစ်သွားခဲ့တာပါ.အဲ့ဒီကားက သူတို့မြင်ကွင်းကနေလုံး၀ပျောက်သွားတဲ့အချိန်မှာ သခင်လေးက အားနန်ကိုတွဲထားတဲ့ လက်ကိုဖြုတ်လိုက်ပြီး ခပ်တိုးတိုးဆူပူလိုက်တယ်
"မင်းဘာဖြစ်နေတာလဲ သူမကိုဘယ်လိုတောင် ပြောရဲလိုက်တာလဲ "
![](https://img.wattpad.com/cover/249877664-288-k879238.jpg)
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...