➡️Unicode
"သခင်လေးလု... ရှင်ကျွန်မကို ဘာလို့ စပွန်ဆာမပေးချင်ရတာလဲ "
ရှီရှန်းက လုချင်းယွင်ကို မှီထားရင်းနဲ့ညင်ညင်သာသာလေးပြောလိုက်တယ်
ဘေးနားကဖြတ်လျှောက်သွားတဲ့ ရှမန် "........"
ရှမန်က လုချင်းယွင်ရဲ့ရင်ခွင်ထဲမှာ ရောက်နေတဲ့ ရှီရှန်းကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်တယ်
~ကျန်း၀မ်က အရမ်းထူးဆန်းတဲ့မိန်းကလေးပဲ~
"အရင်ဆုံး သင်္ဘောသီးများများ စားလိုက်ပါအုံး ပြီးရင်ကိုယ်စဥ်းစားကြည့်ပေးမယ်လေ "
~သင်္ဘောသီးတဲ့လား !!!!~
ရှီရှန်းက ကိုယ့်ရင်ဘတ်ကိုယ်ပြန်ငုံ့ကြည့်ပြီးတဲ့အခါမှာတော့ မျက်နှာအမူအရာပြောင်းလဲသွားတယ်
[ TN /သင်္ဘောသီးစားရင် ကိတ်ပါတယ် အမိတို့😂😂😂 လေယာဥ်ပြေးလမ်းမများနဲ့ ခြင်ကိုက်ဖုများအတွက် ဆေးကောင်းတစ်လက်ပါ😂😂😂]
~ဒီခွေးသူတောင်းစားကောင်က ငါ့ရင်ဘတ်ကိုသေးတယ်လို့ပြောလိုက်တာလား !!!!
ငါနင့်ကို သတ်မယ် !!!!! ~လုချင်းယွင်က ရှီရှန်းကို တွန်းလိုက်ပြီးတော့ မချိုမချဥ်ပြုံးလိုက်တယ်
"ကိုယ့်နောက်ကို ဆက်မလိုက်နဲ့တော့ မဟုတ်ရင် မင်းကို အသေဆိုးနဲ့သေအောင် လုပ်မိသွားလိမ့်မယ် "
"မဖြစ်နိုင်ဘူး ရှင့်သူငယ်ချင်းစုရီရှိုးက ရှင့်ကို ကျွန်မဆီအပ်ထားခဲ့တာလေ ကျွန်မရှင့်ကို ဂရုစိုက်ပေးရလိမ့်မယ် ကျွန်မက ကတိပေးထားတဲ့ကိစ္စကို အဆုံးထိတာ၀န်ယူတတ်တဲ့လူပါနော် "
ရှီရှန်းက လုချင်းယွင်နောက်ကို ဆက်လိုက်သွားတယ်.သူမသာ သူ့ကို ထွက်သွားခွင့်ပြုလိုက်ရင် သူ့ကိုဘယ်မှာထပ်ပြီးသွားရှာရတော့မှာလဲ
"မင်း ဒီလိုလုပ်မယ်ဆိုရင်တောင် သူကမင်းကိုကြိုက်မှာမဟုတ်ဖူး သူက ယောက်ျားတွေကိုပဲ ကြိုက်တာ "
~ယောက်ျားတွေကို ကြိုက်တယ်တဲ့လား!!!! စုရီရှိုးကို ဒီလိုလူလို့ မထင်ထားမိဘူး~
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...